Pages

Monday, August 22, 2016

မြစ်ကြီးနား-ကန်ပိုက်တည် သွားကားလမ်းပေါ်တွင် ယာဉ်များအား KIA လက်နက်ကိုင် အဖွဲ့မှ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦး ဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၂-၈-၂၀၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တည်မြို့၊ ဝေါခြုံကျေးရွာ ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ တွင် KIA လက်နက်ကိုင် အဖွဲ့အင်အား ၁ဝ ဦးခန့်က မြစ်ကြီးနား- ကန်ပိုက်တည် ကားလမ်းအတိုင်း မောင်းနှင် လာသော ဒိုင်နာ အမျိုးအစား (အပြာရောင်) နှင့် ဒိုင်နာ အမျိုးအစား (စိမ်းနု) ယာဉ် နှစ်စီးအား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ယာဉ်များ၏ ရှေ့မှန်၊ ဘေးညာဘက်မှန်၊ ယာဉ်၏ ညာဘက် ဘော်ဒီထိခိုက် ပျက်စီးခဲ့ပြီး ခရီးသွား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် နေရာအား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment