Pages

Sunday, August 21, 2016

တရားမ၀င် ရွှေတူးဖော်ရာတွင် သိမ်းဆည်းရမိခဲ့သည့် ဘတ်ဟိုးယာဉ်များအား ပို့ဆောင်စဉ် KIA လက်နက်ကိုင်အဖွဲ့က ရီမုမိုင်းဖောက်ခွဲ၍ နှောင့်ယှက်ပစ်ခတ်


နေပြည်တော် ၊ ၂၁-၈-၂၀၁၆

ကချင်ပြည်နယ်၊ ရှဒူဇွပ်ဒေသ အတွင်း တပ်မတော်စစ်ကြောင်း များမှ နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိ ခဲ့သည့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော ဘက်ဟိုးယာဉ် များမှ ဘက်ဟိုးယာဉ် လေးစီးအား မြစ်ကြီးနား သို့ ယာဉ်တန်း လုံခြုံရေးဖြင့် ပို့ဆောင်စဉ် ယမန်နေ့နံနက် ၁ဝ နာရီခွဲခန့်တွင် ကာမိုင်းမြို့နယ်၊ ဒွန်ဘန်ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက် KIA လက်နက်ကိုင် အဖွဲ့မှ လုံခြုံရေး လိုက်ပါလာသည့် တပ်မတော် စစ်ကြောင်းအား ရီမုမိုင်း သုံးလုံးဖြင့် ချောင်းမြောင်းဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းမှ ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ၄င်းနေရာ တစ်ဝိုက်အား ရှင်းလင်းခဲ့ရာ လုံးပတ်၂ လက်မခွဲ၊ အရှည် ၁ဝ လက်မရှိ ရီမုမိုင်းတစ်လုံး နှင့် ဆားကစ်သုံးခု တို့အား ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့သည်။

ယင်းနောက် တပ်မတော် စစ်ကြောင်းက အဆိုပါလမ်းကြောင်း တစ်လျှောက် ဆက်လက် ရှင်းလင်းခဲ့ရာ နံနက် ၁၁ နာရီ ၅ဝ မိနစ် ခန့်တွင် KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးခန့်က ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရှေ့ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားပြီး ၄င်းနေရာ တစ်ဝိုက်အား ရှင်းလင်းရာ လမ်းအလယ်၌ ထောင်ထားသည့် မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိ ရှင်းလင်းနိုင် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် နေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။(၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment