Pages

Monday, August 8, 2016

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၊ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ် ကျေးရွာများသို့ တပ်မတော်သား ပါရဂူ ၊ ဆေးမှူးများ ၊ ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန မှ ပါရဂူများ ၊ ဆရာဝန်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်သား ပါရဂူ ၊ ဆေးမှူးများ ၊ ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာန မှ ပါရဂူများ ၊ ဆရာဝန်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ် ကျေးရွာများသို့ သွားရောက်စဉ်

နေပြည်တော် ၊ ၈-၈-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ် အတွင်း အသက်ရှူ လမ်းကြောင်းပိုင်း ဆိုင်ရာ ရောဂါပိုး တစ်မျိုးကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော ကျေးရွာများသို့ တပ်မတော် စစ်ကြောင်းများမှ ဆေးမှူးများဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိရာ လက်ရှိ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိဘဲ ထပ်မံကူးစက် ပြန့်ပွားမှု မရှိကြောင်း သိရသည်။

အဆိုပါ ရောဂါဖြစ်ပွား ခဲ့သည့် နေရာများသို့ ရောဂါများအား ကုသခြင်းနှင့် ကျန်ရှိသော ဒေသများသို့ ကူးစက် ပြန့်ပွားမှု မရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်သား ပါရဂူ၊ ဆေးမှူးများ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် နန်းယွန်းမြို့နယ်၊ ကဲဆန်ကားလန် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ လဟယ်မြို့နယ်၊ ထန်ခေါ်လားမား ကျေးရွာနှင့်  ပတ်ဝန်း ကျင်ကျေးရွာများသို့ သြဂုတ် ၆ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး ဒေသခံ ပြည်သူများအား ကျန်းမာရေး စစ်ဆေးကုသ ခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေး တပ်မှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် လဟယ်မြို့မှ လည်းကောင်း၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း ဦးဆောင်သော အဖွဲ့ဝင် များသည် ခန္တီးမြို့မှ လည်းကောင်း ထွက်ခွာ၍ ရောဂါဖြစ်ပွား ခဲ့သည့် နေရာများသို့ သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ နံနက်ပိုင်းတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင် သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ လဟယ်မြို့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် ရောဂါဖြစ်ပွား ခဲ့သော ကျေးရွာများအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်ကာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့ များက ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့မှ တာဝန်ရှိသူ များက လက်ခံရယူ ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment