Pages

Tuesday, August 2, 2016

ယာဉ်စီးနင်းသူများ အသုံးပြုသော ကြိုတင်ငွေဖြည့်ကတ်စနစ် လုံခြုံရေး စင်ကာပူကုမ္ပဏီနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်



ရန်ကုန် ၊ ၂-၈-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကြိုတင် ငွေဖြည့်ကတ် စနစ်ဖြင့် စီးနင်း နေကြသော ခရီးသည်များ အသုံးပြုသည့် ကတ်စနစ် လုံခြုံရေးကို စင်ကာပူ ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း Integrated Smart Solutions Co.,Ltd  မှ CEO ဦးကျော်ဇေယျ က ပြောသည်။

''ခရီးသည်တွေရဲ့ ပိုက်ဆံတွေက ဒီကတ်စနစ်ထဲမှာ လည်ပတ်နေတယ်။ ငွေကြေးနဲ့ လုပ်ကိုင်ရတော့ နည်းပညာ လုံခြုံမှု စနစ်တွေကလည်း အရေးကြီးတယ်။ မိမိတို့ နိုင်ငံမှာ မရှိသေးပေမယ့် နိုင်ငံတကာ မှာတော့ System တွေကို Hack ခံရလို့ ငွေကြေးဆုံးရှုံးမှုတွေ ရှိတာကြောင့် ပိုမိုလုံခြုံစိတ်ချ ရအောင် အာရှမှာ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ စင်ကာပူကုမ္ပဏီ နဲ့ ပူးပေါင်း ဆောင်ရွက်ထားတာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

Amypay ကြိုတင်ငွေဖြည့်ကတ် စနစ်ဖြင့် ခရီးသည်တင်ယာဉ် စီးနင်းခြင်းကို Yangon Bus Public Co.,Ltd. ၏ BRT Lite ယာဉ်များတွင် စီစဉ်ထားပြီး ယခု ယာဉ်အစီးရေပေါင်း ၆၅ စီးတွင် တပ်ဆင် ဆောင်ရွက် ထားသည်။

ထိုကတ်စနစ် လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု သဘောတူ စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ ည ၇ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ် ၌ မြန်မာနိုင်ငံရှိ Integrated Smart Solutions Co.,Ltd. မှ CEO ဦးကျော်ဇေယျ နှင့် စင်ကာပူနိုင်ငံရှိ MSI Global Pte Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ Mr.Sim Wee Meng တို့ လက်မှတ်ရေးထိုး ခဲ့ကြသည်။

ထိုပူးပေါင်း ဆောင်ရွက်မှုများ အရ ပိုမို ကောင်းမွန်သော ငွေပေးချေမှုစနစ် ကိုဖော်ဆောင်သွားမည် ဖြစ်ပြီး အောက်တိုဘာလ တွင် စနစ်သစ်ကို စတင်စမ်းသပ် သုံးစွဲ၍ နိုဝင်ဘာလတွင် အများပြည်သူ သုံးစွဲခွင့်ရရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment