Pages

Wednesday, August 10, 2016

တောင်ငုံးရင်မည်းငှက် အများဆုံးနေထိုင်ကျက်စားသည့် လေညာင၀န်သစ်တော ကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ရန် ဆောင်ရွက်



မြိတ် ၊ ၁၀-၈-၂၀၁၆

ရှားပါးငှက်မျိုးစိတ် တစ်မျိုး ဖြစ်သည့် တောင်ငုံးရင်မည်းငှက် အများဆုံး နေထိုင် ကျက်စားရာ တနင်္သာရီတိုင်း ဒေသကြီးရှိ လေညာငဝန် သစ်တောဒေသ ကို သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် အတည်ပြု သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိရာ နိုင်ငံတကာ သားငှက် တိရစ္ဆာန် နှင့် အပင်များ လေ့လာရေးအဖွဲ့ FFI နှင့်ပူးပေါင်း၍ သုတေသနပြု လေ့လာလျက် ရှိကြောင်း ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း BANCA ထံမှ သိရသည်။

အဆိုပါငှက်သည် တနင်္သာရီတိုင်း ဒေသကြီး မိုးသစ်တော များတွင်သာ အဓိကကျက်စား နေထိုင်လျက် ရှိပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိ နေသည့် တောင်ငုံးရင်မည်း (Gurney’s Pitta) ငှက်မျိုးစိတ်ကို အသံလွှင့်စက် တပ်ဆင်၍ သုတေသနပြု လေ့လာမည် ဖြစ်ကြောင်း FFI ၏ မြန်မာနိုင်ငံ အစီအစဉ်မှ သိရသည်။

တောင်ငုံးရင်မည်း ငှက်၏ ရာသီကာလ အလိုက် သွားလာနေထိုင် ကျက်စားမှု အခြေအနေနှင့် အထီး၊ အမ အတူ နေထိုင်သည့် ကာလ အစရှိသည့် အချက်အလက် များကို သိရှိနိုင်ရန် အသံလွှင့်စက် တပ်ဆင်မည် ဖြစ်ပြီး အရွယ်ရောက်ရှိ ပါက ဖမ်းဆီး၍ စက်တပ်ဆင်မည် ဖြစ်ကြောင်း FFI အဖွဲ့ထံမှ သိရသည်။

တောင်ငုံးရင်မည်း ငှက်သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း၌သာ တွေ့ရလေ့ရှိသည့် အတွက် Jear Endemic စာရင်းဝင် မျိုးစိတ်ဖြစ်နေပြီး ဖမ်းဆီး သတ်ဖြတ်ခြင်း နှင့် သစ်တော ပြုန်းတီးခြင်း တို့ကြောင့် အကောင်ရေ လျော့နည်း လာသဖြင့် ထိန်းသိမ်းရေး ဆောင်ရွက်ရခြင်း ဖြစ်သည်။

အဆိုပါ ငှက်မျိုးစိတ်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီး တောင်ပိုင်းနှင့် ကပ်လျက် ထိုင်းနိုင်ငံ၏ သဘာဝ သစ်တောများ အတွင်း၌ အရွယ်ရောက် အကောင်ရေ ၁ဝဝဝဝ မှ ၁၇၂ဝဝ ကျော် ကျက်စား နေထိုင်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment