Pages

Wednesday, August 10, 2016

ပြည်သူလူထုက ဆန္ဒပြမှုကြောင့် နျူကလီးယားစွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး ပရောဂျက်ကို တရုတ်အစိုးရက ရပ်ဆိုင်း



ပေကျင်း ၊ ၁၀-၈-၂၀၁၆

တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်း ဒေသ လီယန်ယွန်ဂန် မြို့တော်တွင် တည်ဆောက် သွားမည့် နျူကလီးယား စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး ပရောဂျက် အတွက် တရုတ်အစိုးရ အနေဖြင့် တရုတ်ငွေ ယွင်သန်း ၁၀၀ အထိ အသုံးပြုသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

သို့သော်လည်း ဒေသခံ ပြည်သူလူထုက အဆိုပါ ပရောဂျက်ကို ကန့်ကွက်ဆန္ဒပြ ခဲ့သောကြောင့် သြဂုတ် ၁၀ ရက်တွင် ပြည်သူလူထု တို့၏ ဆန္ဒအတိုင်း ပရောဂျက်ကို ရပ်ဆိုင်းဖို့အတွက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

ဒေသခံအများ အနေဖြင့် နျူကလီးယား စွန့်ပစ်ပစ္စည်း များသည် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီး နိုင်သလို၊ သဘာဝ ဘေးဒဏ်ကြောင့် နျူကလီးယား စွန့်ပစ် ပစ္စည်းများ ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ဒေသခံတို့၏ အသက် အန္တရာယ်အတွက် စိုးရိမ်ရမည့် အခြေအနေ ဖြစ်သောကြောင့် ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

လီယန်ယွန်ဂန် မြို့တော်ကောင်စီ အဖွဲ့က “ကျွန်တော်တို့ ကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုပဲ အလေးထားပါတယ်၊ ဒီပရောဂျက် ဟာ အစိုးရက ခွင့်ပြုပေးထားတဲ့ ပရောဂျက် တစ်ခုပါ၊ ဒီ ပရောဂျက်အတွက် အစိုးရအဖွဲ့ ကလည်း ယွင်ငွေသန်း ၁၀၀ အထိကို ဘတ်ဂျက် ချပေးထားတယ်၊ ဒီပရောဂျက်ကြီး အတွက် တာဝန်ခံပုဂ္ဂိုလ် တွေကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက် ပြီးပါပြီ၊ ဒါပေမယ့်လည်း ဒေသခံပြည်သူ တွေက လက်မခံတဲ့ အတွက် ဒီပရောဂျက်ကို ကျွန်တော်တို့ ရပ်ဆိုင်းပစ်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ” ဟု ထုတ်ပြန် သွားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများအပေါ် လွှမ်းမိုးနိုင်ရေး အတွက် နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိနေပြီး၊ အဆိုပါ နျူကလီးယား စွန့်ပစ်ပစ္စည်း အတွက် အဓိက လိုအပ်ချက်တစ်ခု ဖြစ်သော နျူကလီးယား စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်သိုလှောင် နိုင်ရေးစီမံချက်ကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်နေသည်။ သို့သော်လည်း ဆန္ဒပြမှုများကြောင့် ပရောဂျက် ကို ရပ်ဆိုင်းခဲ့ရသည့် အတွက် နျူကလီးယား စွန့်ပစ်ပစ္စည်း များနှင့် ပတ်သက်ပြီး တရုတ်အစိုးရ အနေဖြင့် မည်သို့ ကိုင်တွယ် သွားမည်ကို စိတ်ဝင်စားစရာ ဖြစ်နေလျက် ရှိသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment