Pages

Thursday, August 25, 2016

မြန်မာနိုင်ငံ အမျိုးသားကင်းထောက် အဖွဲ့ချုပ်က ရပ်ရွာအခြေပြု ကင်းထောက်အဖွဲ့များ ဖြစ်ပေါ်လာစေရန် ဆက်လက် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်သည် ကမ္ဘာ့ အမျိုးသား ကင်းထောက် အဖွဲ့ဝင် ဖြစ်လာပြီးနောက် စာသင်ကျောင်း များ၌သာမက ရပ်ရွာ အခြေပြု၍ ဆောင်ရွက်သော ကင်းထောက်အဖွဲ့ ဖြစ်လာစေရန် ကမ္ဘာ့ကင်းထောက် အဖွဲ့၏ အကြံဉာဏ်များ၊ ပံ့ပိုးကူညီမှု များဖြင့် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်သည် ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင် ဖြစ်လာ၍ ငြိမ်းချမ်းရေး သတင်းပို့သူ (Messenger of Peace) ဆိုသည့် စီမံချက်များ ၊ သဘာဝဘေးဒဏ် ကာကွယ်ခြင်း၊ ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်း နှင့် အခြေအနေမဲ့ များကို စောင့်ရှောက်ခြင်း စသည့် အစီအစဉ် များတွင် တန်းတူရည်တူ ပါဝင် လှုပ်ရှားခွင့် ရရှိထားပြီ ဖြစ်သည်။

ကမ္ဘာ့ကင်းထောက် အဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံပါဝင်ပြီး အဖွဲ့ဝင် ဖြစ်ရန် အဆိုပါနိုင်ငံ များ၏ ၅ ရာခိုင်နှုန်းက ကန့်ကွက်လျှင် ပယ်ချခံရ နိုင်သော်လည်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ကိုမူ မည်သည့်နိုင်ငံ ကမျှ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် ဗီယက်နမ်၊ မကာအို နှင့် အရှေ့တီမော စသည့် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်ဖြစ်ရန် ကြိုးစားနေသော နိုင်ငံများကို ကျော်ဖြတ်၍ အဖွဲ့ဝင် ဖြစ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ကင်းထောက်အဖွဲ့ ကို ၁၉၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ်မှစ၍ ကင်းထောက် လှုပ်ရှားမှုများ ရပ်နားသွားခဲ့ကာ ၂ဝ၁၂ ခုနှစ်တွင် ကင်းထောက်အဖွဲ့ကို ပြန်လည်ဖွဲ့စည်း ခဲ့ပြီး ပညာရေးဝန်ကြီး ဌာနက တာဝန်ယူ ဆောင်ရွက် ခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အမျိုးသားကင်းထောက် အဖွဲ့ဝင်ပေါင်း ၂၅ဝဝဝ ခန့်ရှိပြီး အဖွဲ့၏ ရာပြည့်ပွဲတော် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment