Pages

Thursday, August 4, 2016

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Ann Ollestad အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၄-၈-၂၀၁၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Ann Ollestad အား ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်၏ ဆန္ဒဖြစ်သည့် လက်ရှိပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်းနေမှု ခိုင်ခိုင်မာမာ ရှိစေရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး နိုင်ငံရေး နည်းလမ်းအရ ပါဝင်ရေး၊ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးမှု အတွက် တည်ငြိမ် အေးချမ်းမှု ရှိရန် တပ်မတော် အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေ များအား ဦးစွာရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ လုပ်ဆောင်နိုင်မှု နှင့် ဒုတိယသက်တမ်း အစိုးရသို့ အေးချမ်းစွာ တာဝန်လွှဲပြောင်း ခဲ့မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ ကျင်းပရေး ဆောင်ရွက်နေမှု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ရပ်တည်မှုနှင့် ပတ်သက်၍ အပြုသဘော ဆောင်သည်များ၊ ဥပဒေနှင့်အညီ ဖြစ်ရန် လိုအပ်မှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ပြည်ပနိုင်ငံ၊ အဖွဲ့အစည်း များ၏ပါဝင် ဆောင်ရွက်မှုများ အပေါ် သဘောထား အမြင်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံမှ ပါဝင်ကူညီ လုပ်ဆောင်မှု အခြေအနေ များနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment