Pages

Wednesday, August 10, 2016

မြန်မာလူငယ်ရှေ့နေများ အတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၀-၈-၂၀၁၆

အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများ အသင်းမှ မြန်မာလူငယ် ရှေ့နေများအတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အမှတ်(၂၉ ) မင်းရဲကျော်စွာလမ်း လမ်းမတော်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများ အသင်း၏ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆိုင်ရာဌာနနှင့် နည်းလမ်း ပေါင်းစုံဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်း အဖွဲ့သည် ဒေသတွင်းရှိ အနုညာတ စီရင်ဆုံးဖြတ်ခြင်း နှင့် သက်ဆိုင်သော ထိပ်တန်း ပညာရှင် အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်၍ မြန်မာနိုင်ငံရှိ လူငယ်ရှေ့နေများ အတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆိုင်ရာ ထိပ်တန်း ပညာရှင်များက အပြည်ပြည် ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်း အခြေခံ ပညာရပ်များ၊ နမူနာအမှု တစ်ခုကို လက်တွေ့ စမ်းသပ်ဖြေရှင်း ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများ အသင်း၏ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေများကို သင်ကြား ပေးသွားမည် ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်သည့် အကြောင်းအရာများသည် ထိုနေ့မှစတင် သင်ကြားမည့် သူများနှင့် ကိုက်ညီမှု မရှိနိုင် သောကြောင့် ဖိတ်စာနှင့် တကွ ဖိတ်ကြားထား သူများကိုသာ သင်ကြားပေး သွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ အနုညာတ စီရင် ဆုံးဖြတ်ခြင်း ပညာရပ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အများပြည်သူ တက်ရောက် နိုင်သော ဟောပြောပွဲကို သြဂုတ် ၂ဝ ရက် (စနေနေ့ ) နံနက်ပိုင်းတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံတကာမှ ပညာရှင် များက ဝိုင်းဖွဲ့ ဆွေးနွေးခြင်း အပြင် စကားဝိုင်းနှင့် အမေး အဖြေကဏ္ဍ များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ ဟောပြောပွဲကို အနုညာတ စီရင် ဆုံးဖြတ်ခြင်း ဆိုင်ရာ အလေ့အထများ ကို မြှင့်တင်နိုင်ရန် အနုညာတ စီရင်ဆုံးဖြတ် ခြင်းဆိုင်ရာ ဥပဒေပညာရှင် အသိုက်အဝန်း နှင့် ဆွေးနွေး ဖလှယ်ခြင်း တို့ကို ရှေးရှုကျင်းပ သွားမည် ဖြစ်သည်။

လူဦးရေ ကန့်သတ်ချက် ရှိသောကြောင့် အမည်၊ ရာထူးနှင့် အဖွဲ့အစည်း အမည်တို့ကို သြဂုတ် ၁၅ ရက် နောက်ဆုံး ထား၍ registrations@livingstonslegal.com ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment