Pages

Monday, August 1, 2016

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို စိုက်ပျိုးပေးစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ကံ့ကော်ပင်ကို စိုက်ပျိုးပေးစဉ်


နေပြည်တော် ၊ ၁-၈-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ရေဆင်းဆည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည် အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက် အားပေးပြီး အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုး ပေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီးက ကံ့ကော်ပင် ကိုလည်းကောင်း စိုက်ပျိုးပေးပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စိုက်ပျိုးပင်ကို စိုက်ပျိုးပေးစဉ်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် အရာရှိ ၊ စစ်သည် ၊ မိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးကြစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား သို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ယမန်နေ့ ကျင်းပပြုလုပ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၁၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တွင် ရတနာတန်းဝင် ကျွန်းပင် ၅ဝဝဝ ပင်အား စိုက်ပျိုးပေး ခဲ့သည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင်လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၈၈၆၅၂ ပင်ကို လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၆ဝ၃၉ ပင်ကို လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၇၄၅၅ ပင်ကို လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၃၂၄၃ ပင်ကို လည်းကောင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ တွင် စိုက်ပျိုးပင် ၁၁ဝဝဝ ပင်ကို လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၉၂၆၅ ပင်ကို လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၉၅၆၁ ပင်ကို လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၂၁၄၈၅ ပင်ကို လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၄၅၆၉ ပင်ကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁ဝ၇၉၃ ပင်ကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင်  စိုက်ပျိုးပင် ၁ဝဝ၈၁ ပင်ကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၂၈၈ဝ ပင်ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၅ဝ၉၈၃ ပင်ကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၉ဝ၂၁ ပင်ကို လည်းကောင်း တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက အသီးသီးစိုက်ပျိုး ခဲ့ကြသည်။ တပ်မတော် တစ်ရပ်လုံး အနေဖြင့် ယမန်နေ့ စိုက်ပျိုးသည့် စိုက်ပျိုးပင် စုစုပေါင်းမှာ ၄၃ဝဝ၂၇ ပင်ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment