Pages

Saturday, July 23, 2016

ငါးဖမ်းသင်္ဘောသားများ တရားဝင်လုပ်သားများ ဖြစ်စေရေး ပြည်တွင်း၌ CDC စာအုပ် ထုတ်ပေးရန်လိုအပ်


တိုင်ပေမှ ငါးဖမ်းစက်လှေတစ်စီး

ရန်ကုန် ၊ ၂၃-၇-၂၀၁၆

မြန်မာနိုင်ငံရှိ ငါးဖမ်း သင်္ဘောသားများ တရားဝင် လုပ်သားများ ဖြစ်စေရေး ပြည်တွင်း၌  CDC (Continuous Discharge Certificate) စာအုပ် ထုတ်ပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ သိရသည်။

''ငါးဖမ်း သင်္ဘောသားတွေ အားလုံးက တရားဝင် မဟုတ်ကြဘူး။ ဒါကြောင့် ဖိနှိပ်ခံ နေရတာတွေ များတယ်။ တကယ်ဆို CDC လေးတော့ ရှိထားသင့် ပါတယ်'' ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ ဦးကျော်မြဦး က ပြောသည်။

အဆိုပါ ရေလုပ်သားများနှင့် ပတ်သက်၍ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ ခန့်မှန်းချက် အရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရေလုပ်ငန်း လုပ်ကိုင်သူ ၄၃ သန်းကျော်ရှိပြီး ၄င်းတို့အား မှီခိုနေထိုင်သူ သန်း ၅၂ဝ ရှိကာ ရာခိုင်နှုန်း အားဖြင့် ကမ္ဘာ့  လူဦးရေ၏ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ ၄င်းတို့ထဲတွင် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း၏ ခွင့်ပြုချက်ဖြင့် ငါးဖမ်းသင်္ဘော များ၌ အလုပ် လုပ်ကိုင်နေသူ သုံးသိန်းကျော် ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့ နိုင်ငံ အနှံ့အပြားရှိ တရားဝင် ငါးဖမ်းသင်္ဘော များ၌ အလုပ်လုပ်ကိုင် နေသည့် သင်္ဘောသား များမှာ တရုတ်(တိုင်ပေ)၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ အများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်မှု များပြားသည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှာ ငါးဖမ်းလုပ်ငန်း နှင့်ပတ်သက်၍ စနစ်ကျမှုနှင့် ဥပဒေ လိုက်နာမှု မရှိသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

''တကယ့် ငါးဖမ်း သင်္ဘောကြီး တွေက တရုတ်(တိုင်ပေ)၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့မှာပဲရှိတာ။ အဲဒီနိုင်ငံတွေ ကလည်း CDC မရှိရင် လက်မခံဘူး။ သူတို့က တရားဝင် လုပ်သားတွေကိုပဲ လက်ခံပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ညီလာခံ၌ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ ငါးဖမ်း သင်္ဘောသားများ အတွက် Work & Fishing Convention 2007 ကို Convention No. (C188) ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း၊ သို့သော် နိုင်ငံတကာ၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ၌ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကမ္ဘာ့ နိုင်ငံများ၌ ပင်လယ်ငါးဖမ်း သင်္ဘောသားများ အတွက် အခွင့်အရေးများ ဆုံးရှုံးနေပြီး ပင်လယ်ပြင် အတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှု မရှိသည့် အပြင် စီရင်ပိုင်ခွင့် အာဏာ ဆိတ်သုဉ်း နေသောနယ်မြေ ဟု တင်စားခေါ်ဝေါ် ကြသည့် ဒေသတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် နေသူများမှာ မတရားပြုကျင့် ခံနေရကာ ၄င်းတို့အတွက် မားမားမတ်မတ် ရပ်တည် ပြောဆိုနိုင်မှုလည်း မရှိဟု ပင်လယ်ပြင် အတွင်း လူကုန်ကူးမှု အဆုံးသတ်ရေး ကို ရည်ရွယ်၍ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သော ပင်လယ်ပြင် အတွင်း လူ့အခွင့်အရေး စောင့်ရှောက်မှု အဖွဲ့က သုံးသပ် ထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment