Pages

Thursday, July 21, 2016

ပြည်တွင်း၌ အသုံးပြုမှုနည်းပါးသည့် သစ်မွှေးအဆီနှင့်အခဲ များကို ယခုနှစ်ကုန်တွင် ပြည်ပတင်ပို့ရန် စီစဉ်



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

ဈေးနှုန်း မြင့်မားသည့် အတွက် ပြည်တွင်း၌ အသုံးပြုမှု နည်းပါးသည့် သစ်မွှေးအဆီ နှင့်အခဲ များကို ယခုနှစ်ကုန်တွင် ပြည်ပ နိုင်ငံများသို့ တင်ပို့ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ သစ်မွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့
ရောင်းချသူများ အသင်းမှ သိရသည်။

''ဆော်ဒီနှင့် ဒူဘိုင်း တို့လို အရှေ့အလယ်ပိုင်း ဒေသတွေနဲ့ အမေရိကန် နိုင်ငံတွေက ကမ်းလှမ်းတာပါ။ သူတို့ဘက်က ထွက်ရင် ထွက်သလောက် ကွန်တိန်နာ လိုက် လိုချင်တာပါ။ ၂ဝ၁၆ ခုနှစ် နှစ်ကုန်မှာ တင်ပို့ဖို့ရှိ ပါတယ်။ 

သစ်မွှေးအဆီနဲ့ ရေမွှေးအဖြစ် သုံးမယ့် အခဲကိုပို့မယ်'' ဟု မြန်မာနိုင်ငံ သစ်မွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးကျော်ထွန်းဝင်း က ပြောသည်။

ပြည်ပနိုင်ငံ များက ကမ်းလှမ်းမှု များရှိ နေသော်လည်း သစ်မွှေး စိုက်တောင်သူများ အနေဖြင့် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ချမှတ်ထားသည့် ဥပဒေပါ ရုံးလုပ်ထုံး လုပ်နည်းများ အတိုင်း ထောက်ခံချက်များ ရယူရန် အခက်အခဲများ ရှိနေခြင်းကြောင့် ပြည်ပသို့ တင်ပို့ရန် မဆောင်ရွက် နိုင်သေးကြောင်း သိရသည်။

''သစ်မွှေးအဆီနဲ့ အခဲ တစ် ကီလိုဂရမ်ကို ငွေကျပ် သိန်း ၂ဝဝ ကနေ ငွေကျပ်သိန်း ၃ဝဝ အထိ ပေါက်ဈေး ရှိပါတယ်။ ပြည်ပက ရသလောက် လိုချင်တယ်။ စိုက်ပျိုးပင် ဖြစ်ကြောင်း ထောက်ခံချက် ရယူဖို့က ဥပဒေ လုပ်ထုံးလုပ်နည်း တွေကို တောသူတောင်သား တွေ လိုက်လုပ်ဖို့ မသိကြပါဘူး။ ဒါကြောင့် အခုထက်ထိ ပြည်ပကိုတင်ပို့ နိုင်ခြင်း မရှိသေးတာပါ။ သစ်မွှေးကို ပြည်တွင်းမှာ ဆေးဝါးအဖြစ် မသုံးပေမယ့် အပင်ရဲ့အသား
ကိုတော့ ပန်းပုရုပ်တု လုပ်ပြီး ရောင်းချနေ ပါတယ်'' ဟု ဦးကျော်ထွန်းဝင်း က ဆက်လက် ပြောသည်။

လက်ရှိတွင် သစ်မွှေးကို ပြည်တွင်းဈေးကွက် ၌ အဆောင်အဖြစ် အသုံးပြုခြင်း၊ မွှေးကြိုင်သော ရနံ့ကြောင့် စိတ်ကြည်လင် စေရန်အတွက် သစ်မွှေးပန်းပု ရုပ်တုများကို အများဆုံး ဝယ်ယူကြကြောင်း မြန်မာနိုင်ငံ သစ်မွှေးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။ (အမ်အမ်ကေ)

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment