Pages

Monday, July 4, 2016

တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုပြီးသူများနှင့် ဘွဲ့ကြိုကျောင်းသားများ အတွက် ပညာပေးသင်တန်းများ အခမဲ့ပို့ချပေးသွားမည်


ရန်ကုန် ၊ ၄-၇-၂၀၁၆

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီး သူများနှင့် ဘွဲ့ကြိုကျောင်းသား များအတွက် လိုအပ်မည့် ပညာပေး အစီအစဉ်များကို work.com.mm အလုပ်အကိုင် ရှာဖွေရေး website မှ ပညာရေး အတိုင်ပင်ခံ ဝန်ဆောင်မှု သင်တန်းများနှင့် ပူးပေါင်းကာ အခမဲ့ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများအား လူငယ်များအတွက် လုပ်ငန်းခွင် မဝင်မီ အရည်အချင်း ပြည့်ဝသော လူငယ်များ ဖြစ်လာစေရန် အွန်လိုင်းအလုပ်ရှာ ဝက်ဘ်ဆိုက်မှ မြန်မာလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း များရှာဖွေနိုင်ရန် လိုအပ်မည့် ပညာပေး သင်တန်းများ ဖွင့်လှစ်သင်ကြား စီစဉ်ပေးလျက် ရှိကြောင်း၊ ယင်းသင်တန်း တွင် မိမိအကြောင်း ဖော်ပြပေးသော စာကောင်း တစ်စောင် ရေးသားနည်း (cover letter) နှင့် အလုပ်အင်တာဗျူး ဖြေဆိုနည်း တို့အား သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

''ဒီလိုသင်တန်းတွေ ပြုလုပ်ပေး နေတာဟာ ပြည်တွင်း အလုပ်သမား အင်အားစု အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်သလို ကျွန်တော်တို့ရဲ့ အွန်လိုင်းအလုပ် ရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက် ဈေးကွက် အတွက်လည်း သက်ရောက်မှု ရှိနေပါတယ်။ အလုပ်အကိုင် ရှာဖွေခြင်းနဲ့ ပတ်သက်တဲ့ အသိပညာ ပေးသင်တန်းတွေ ကနေ CV တစ်စောင်ရဲ့ အရေးပါပုံတွေကို အလုပ်ရှာ နေတဲ့သူတွေ ဆီ တိုက်ရိုက်ပြောပြလို့ ရတဲ့အတွက် ကုမ္ပဏီ တွေအတွက်လည်း လူတစ်ယောက်ရဲ့ အရည်အချင်းကို အကဲဖြတ်တဲ့ အခါ လွယ်ကူ သွားတော့မှာပါ''ဟု work.com.mm မှ မန်နေဂျာ Mr. Bart Van Dijk ပြောသည်။

အဆိုပါ ပညာပေး သင်တန်းများကို တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်း များနှင့် အဖွဲ့အစည်းများတွင် သင်ကြားပေးလျက် ရှိပြီး သင်တန်းပို့ချ ပေးခြင်း အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားသော ကျောင်းများ၊ အဖွဲ့အစည်းများ ကိုလည်း ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment