Pages

Monday, July 25, 2016

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ဇုန်လေးဇုန်ခွဲ၍ လစဉ်ပုံမှန်ကင်းလှည့် စစ်ဆေးမည်



မင်းဘူး ၊ ၂၅-၇-၂၀၁၆

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ရှိ ရွှေစက်တော် တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော၌ သမင်များအား အမဲလိုက် သတ်ဖြတ်မှု မရှိစေရန် ဘေးမဲ့တောကို ဇုန်လေးဇုန် ခွဲ၍ လစဉ်ပုံမှန် ကင်းလှည့် စစ်ဆေးမည်ဟု သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနမှ သိရသည်။

''ဒီမှာက သမင်တွေကို အမဲလိုက်သတ် ဖြတ်မှုတွေတော့ မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံ လက်မောင်းလုံး လောက်ရှိတဲ့ သစ်ပင်တွေ ကြားမှာ သံမဏိကြိုးကွင်း ထောင်ချောက် လုပ်ပြီး လမိုက်ညတွေမှာ ခွေးတွေနဲ့ ခြောက်လှန့် ဖမ်းဆီးတာတော့ ရှိပါတယ်။ ဒါကို မလုပ်ဖို့ အသိပညာ ပေးတာတွေ၊ တချို့ အရေးယူရတာ တွေရှိပါတယ်'' ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးချို က ပြောသည်။

ထို့ပြင် ရွှေစက်တော် တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော၌ ကင်းပုန်းဝပ်ခြင်း များအပြင် လုံခြုံရေး အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အထူး အဖွဲ့ဖြင့် ရှင်းလင်းခြင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာ ၃၉ ရွာသို့ အသိပညာပေး ဟောပြော စည်းရုံးခြင်း များကို သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရစ္ဆာ န် ထိန်းသိမ်းရေး ဌာန မှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဘေးမဲ့တောသို့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များ လာရောက်၍ သုတေသန ပြုလုပ်ရန် ထောင်ချောက် ကင်မရာများ တပ်ဆင်ခြင်း ၊ သားငှက် တိရစ္ဆာန် စာရင်းများ လာရောက် ကောက်ယူခြင်းများ
ပြုလုပ်ကြောင်း၊ ဘေးမဲ့တော၌ တန်ဖိုးနည်း သစ်ပင်များ ပေါက်ရောက်ခြင်း၊ တောခြောက် ဖြစ်ခြင်း၊ မျောတိုင်များ အဖြစ်သာ များပြားခြင်း တို့ကြောင့် သစ်ထုတ်လုပ်မှု မရှိကြောင်း၊ အိမ်သုံးမျောတိုင် နှင့် ထင်း အတွက်သာ ခုတ်ယူမှု တချို့ ရှိကြောင်း သိရသည်။

အဆိုပါ ဘေးမဲ့တောတွင် သမင် အကောင်ရေ အများဆုံးရှိပြီး ချေ၊ ခွေးအ၊ တောဝက်၊ ကြောင်ပြင်း၊ ကြောင်ကတိုး၊ ကြောင်ဝံပိုင့်၊ မြွေပါ၊ မျောက်စပ်၊ ဒေါင်းစိမ်း၊ ကြယ်လိပ်၊ လိပ်ပုပ်၊ စင်းချောလိပ်၊ နဖား ကျူးငှက်၊ စွေ့နှင့် ငှက်မင်းသား စသည့် တိရစ္ဆာ န်များ ရှိကြောင်း သိရသည်။

''သမင် အကောင်ရေ ကတော့ စာရင်းအရ ၁၄၈၃ ကောင်လောက် ရှိပါတယ်။ အတိုးအလျှော့ တော့ရှိပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ဘေးမဲ့တော အတွင်းရှိ သမင်ငယ်များ အတွက် ဆားကျင်း များကို နှစ်စဉ်ပြုလုပ် ပေးလျက် ရှိကြောင်း၊ ယခုနှစ်တွင် ဆားပိဿာချိန် ၃ဝ ဖြင့် ဆားကျင်း ၁၅ ကျင်းကို လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တောရိုင်း တိရစ္ဆာ န် ဘေးမဲ့တော ၃၉ ခုရှိပြီး ရွှေစက်တော် တောရိုင်းတိရစ္ဆာ န်  ဘေးမဲ့တောကို နိုင်ငံ လွတ်လပ်ရေး မရမီ ကတည်းက စတင် သတ်မှတ် ခဲ့ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment