Pages

Monday, July 25, 2016

အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပထမဆုံးအကြိမ် ကုန်အမှတ်တံဆိပ် များနှင့် အထူးဈေးရောင်းပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

အသိဉာဏ်ပစ္စည်း ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ပထမဆုံးအကြိမ် ကုန်အမှတ်တံဆိပ် များနှင့် အထူး ဈေးရောင်းပွဲတော် ကို ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်း ရှိ တပ်မတော်ခန်းမ ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတွင် ကုမ္ပဏီပေါင်း ၅ဝ ကျော်မှ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော် ပါဝင်ပြသ သွားမည်ဖြစ်ပြီး လာရောက် လေ့လာသူများ အတွက် ကုန် အမှတ်တံဆိပ် ဆိုင်ရာများနှင့် ပတ်သက်၍ အသိဉာဏ်များ တိုးတက်လာ စေရေး နောက်ပိုင်း ထွက်ပေါ် လာမည့် အသိဉာဏ်ပစ္စည်း ဆိုင်ရာ ဥပဒေများ နှင့်အညီ တစ်ပြေးညီ သွားစေရန် ပြည်သူများ အား အသိပညာပေး  လုပ်ဆောင်နေသော ပွဲတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲ အတွင်း လာရောက်သူ များအား ကုန်အမှတ်တံဆိပ် ဆိုင်ရာ စာရွက်စာတမ်းများ ဝေငှခြင်း၊ အသိဉာဏ် ပစ္စည်းနှင့် ကုန်အမှတ်တံဆိပ် ဆိုင်ရာ ဟောပြောပွဲများ ထည့်သွင်းကျင်းပ ပေးမည့်အပြင် ပြပွဲအတွင်း ဝင်ရောက်ပြသ သူများအတွက် လည်း ပြသသည့် ကုန်စည် အမျိုးအစား အလိုက် ပိုင်ဆိုင်ကြောင်း အထောက်အထား လက်မှတ်များကို အသိဉာဏ် ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ပေးအပ်သွားမည် ဖြစ်ကြောင်း အသိဉာဏ် ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က ပြောသည်။

ပြပွဲ၌ ပြည်တွင်း ထုတ်ကုန်များ အပြင်  ပြည်ပမှတင်သွင်းလာသော ကုန်အမှတ် တံဆိပ်ပစ္စည်း များကို ပြသသွားမည် ဖြစ်ပြီး အစားအစာ၊ အဝတ်အထည်၊ ဖိနပ်၊ မြန်မာ့ရိုးရာ အစားအစာနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ လုပ်ငန်းများ ကိုလည်း ပါဝင်ပြသ သွားမည် ဖြစ်သည်။ (ကေကေ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment