Pages

Monday, July 25, 2016

မြန်မာနိုင်ငံ၏ ပထမဆုံးရေကြောင်း ပြပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

မြန်မာ့ရေကြောင်း လောက ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် နှင့် လူ့စွမ်းအား အရင်းအမြစ် များကို နိုင်ငံတကာက သိရှိ စိတ်ဝင်စားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည့် ရေကြောင်း ပြပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲ Myanmar Maritime Expo And Conference 2016 ကို ဇူလိုင် ၂၉ ရက်မှ ၃ဝ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြောင်းဆိုင်ရာ ပြပွဲတွင် ရေကြောင်းဆိုင်ရာ ထုတ်ကုန်များ၊ သင်ထောက်ကူ ပစ္စည်းများ၊ သင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းများ၊ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ပစ္စည်း အရောင်းဆိုင်များ၊ ရေကြောင်းနှင့် သက်ဆိုင်သော အာမခံနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ တခြားသော ရေကြောင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပြသသွားမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် Myanmar Maritime University), Seaberg Co., Ltd. နှင့် SPL Co.,Ltd. တို့က ဦးစီး ကျင်းပခြင်းဖြစ်ပြီး ရေကြောင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ဆွေးနွေးပို့ချ သွားမည် ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ခြင်း ဖြင့် ရေကြောင်းပညာ လောကတွင် အသိပညာရှင်၊ အတတ် ပညာရှင်များ၏ ပညာအမွေများ လက်ဆင့်ကမ်း ခြင်းနှင့် မျှဝေခြင်းများဖြင့် ဘေးကင်း လုံခြုံသော ရေကြောင်းဆိုင်ရာ အသိုက်အဝန်း တစ်ခု တည်ထောင်နိုင်ရန် မြန်မာနိုင်ငံ၏ ရေကြောင်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် များနှင့် တခြားသော အလုပ်အကိုင် အခွင့်အလမ်း များကို နိုင်ငံတကာ မှ သင်္ဘောပိုင်ရှင် များနှင့် တခြားသော ရေကြောင်းဆိုင်ရာ လုပ်ငန်းရှင် များက ပိုမို စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမှု များတိုးတက် လာခြင်း၊ ရေကြောင်းနှင့် ပတ်သက် ဆက်စပ်နေသော လုပ်ငန်းများ အချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရေကြောင်း လောက တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာစေမည့် အခွင့်အလမ်း များ ရရှိမည် ဖြစ်ကြောင်း သိရသည်။

လင်းခန့်

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment