Pages

Sunday, July 24, 2016

ဧရာဝတီမြစ်ဝှမ်း ဒေသတစ်ခုလုံးကို သဘာဝနယ်မြေ အဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အတွက် အဆိုပြုလွှာ တင်သွင်းထား




ရန်ကုန် ၊ ၂၄-၇-၂၀၁၆

ပြည်တွင်းရှိ နိုင်ငံမြေဧရိယာ အားလုံး၏ ၆ဝ ရာခိုင်နှုန်းခန့် ကျယ်ပြန့်သည့် ဧရာဝတီ မြစ်ဝှမ်းဒေသ တစ်ခုလုံးကို သဘာဝ နယ်မြေ အဖြစ် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး အတွက် အဆိုပြုလွှာ တင်သွင်းထားပြီး ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ကို ကမ္ဘာ့ အမွေအနှစ် စာရင်းအဖြစ် တင်သွင်းရခြင်းမှာ ဧရာဝတီမြစ် သည် မြန်မာ တစ်နိုင်ငံတည်းက ပိုင်ဆိုင်နေခြင်း၊ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင် သည် နိုင်ငံ့မြေ ဧရိယာ ၆ဝ ရာခိုင်နှုန်းခန့် ရှိနေခြင်း၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းထားခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝခြင်း၊ မြန်မာ့ ယဉ်ကျေးမှု ထွန်းကားရာ ဒေသများနှင့် ဆက်စပ်နေခြင်း၊ ဧရာဝတီမြစ် သည် လူသားများကို အကျိုးပြု နေခြင်းတို့ကြောင့် ယူနက်စကိုသို့ စာရင်း ဝင်ရောက်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် လျှောက်ထားသည့် နိုင်ငံ မြောက်ပိုင်းရှိ သစ်တောများနှင့် ဆက်စပ် နေခြင်းနှင့် ဧရာဝတီမြစ်၏ လူသား အကျိုးပြုနှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုသည် မဲခေါင်မြစ်နှင့် တူညီမှု ရှိသောကြောင့် ယူနက်စကို ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်း ရခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်သည် အစိုးရက ကမ္ဘာ့  အမွေအနှစ် စာရင်း တင်သွင်းရန် ကြိုးပမ်းနေသော သဘာဝနယ်မြေ ရှစ်ခုထဲမှ တစ်ခုဖြစ်ပြီး ယူနက်စကို စာရင်းဝင်အဖြစ် သတ်မှတ် ပြီးနောက်ပိုင်းတွင် ယင်းဒေသ အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ကိုင် နေမှုများကို ယူနက်စကို အဖွဲ့က စောင့်ကြည့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပျူမြို့ဟောင်းကို ယူနက်စကို စာရင်းဝင် အဖြစ် သတ်မှတ်ခြင်း ခံရပြီးနောက် သမိုင်း အထောက်အထား အရ အရေးပါသော ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အပါအဝင် တခြား အသိအမှတ်ပြု နေရာများနှင့် သဘာဝ နယ်မြေများကို ကမ္ဘာ့ အမွေအနှစ် စာရင်းသို့ တင်သွင်းရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment