Pages

Thursday, July 28, 2016

အင်းလေးရေပြင် သဘာဝအလှကို ကြည့်ရှုခံစားရင်း လှေပေါ်၌နေ့လယ်စာ သုံးဆောင်နိုင်မည့် ၀န်ဆောင်မှု ဆောင်ရွက်



ညောင်ရွှေ ၊ ၂၈-၇-၂၀၁၆

ညောင်ရွှေမြို့နယ် အင်းလေးကန် အတွင်း အင်းလေးရေပြင် သဘာဝ အလှကို ကြည့်ရှု ခံစားရင်း ကုန်တင်လှေ ပေါ်၌  နေ့လယ်စာ သုံးဆောင်နိုင်မည့် Floating Lunch on Boat ဝန်ဆောင်မှုကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော တောင်ချွန်း စားသောက်ဆိုင် က ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကုန်တင်လှေ တစ်စင်းပေါ်၌ စားပွဲတစ်ဝိုင်းလျှင် လေးဦးနှုန်းဖြင့် ၁၆ ဦး သုံးဆောင်နိုင်မည် ဖြစ်ပြီး စားပွဲဝိုင်း တစ်ဝိုင်းလျှင် အမေရိကန် ဒေါ်လာ ၂ဝဝ ကျသင့်ကြောင်း သိရသည်။

''အရင်တုန်းက အင်းလေးကနေ ညောင်ရွှေကို လှေနဲ့လာရင်း လမ်းမှာ စားစရာ ချက်စားရတာကို အခြေခံပြီး စီမံထားတာပါ။ စားစရာတွေ ပြင်ထားတဲ့ လှေကြီးရဲ့ဘေးမှာ စားဖိုဆောင်လှေ ရှိပါတယ်။ စားဖိုဆောင်လှေ ကနေ ယွန်းအုပ်နဲ့ လှေကြီးဆီကို ကနူးလှေလေး တွေနဲ့ ပို့ပါတယ်'' ဟု တောင်ချွန်း စားသောက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စားသုံးနိုင်သည့် အစားအစာ များမှာ ရိုးရာ အစားအစာများ ဖြစ်ပြီး စားသုံးသူများ အနေဖြင့် မိမိတို့ ကြိုက်နှစ်သက် ရာကို ထပ်မံမှာယူ သုံးဆောင် နိုင်ကြောင်း သိရသည်။

ထို့ပြင် ပွင့်လင်းရာသီ ခရီးသွား များပြားချိန်တွင် တစ်ရက်လျှင် ၁၆ ဦးစီး လှေ ၁ဝ စင်းဖြင့် ဝန်ဆောင်မှု ပေးပြီး နေဝင်ချိန်တွင် သုံးဆောင် လိုပါက စီစဉ်ပေးသည့် အပြင် အမှတ်တရ နေ့များအတွက် ဧည့်ခံပွဲ လုပ်လို ပါကလည်း  ဆောင်ရွက် ပေးကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment