Pages

Friday, July 8, 2016

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် ဟက်တာ ၄၀၀ တွင် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



ရန်ကုန် ၊ ၈-၇-၂၀၁၆

သီလဝါ အထူး စီးပွားရေးဇုန် ၏ ပထမအဆင့် အကောင် အထည်ဖော် နေသော ဟက်တာ ၄ဝဝ တွင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း Myanmar-Japan Thilawa Development Limited မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း(က)၏ ဧရိယာတွင် ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းများ အကောင် အထည်ဖော် နေပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက လုပ်ငန်းများ စတင်လည်ပတ် နိုင်မည် ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းများကို မြန်မာ-ဂျပန် ပူးပေါင်း ထားသည့် PANTER SUNTAC ကုမ္ပဏီမှ ဆောက်လုပ် နေခြင်း ဖြစ်ကြောင်း သိရသည်။ အပိုင်း(က)တွင် ကုမ္ပဏီပေါင်း ၇၄ ခုအား ရင်းနှီး မြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ပြီး ၈၈ ရာခိုင်နှုန်း နီးပါးကို ငှားရမ်းထားပြီး ဖြစ်သည်။ ကုမ္ပဏီပေါင်း ၂၈ ခုမှ ဆောက်လုပ်ရေး လုပ်ငန်းများ စတင် နေသော်လည်း ကျန်ကုမ္ပဏီ ၃၇ ခုမှ ဒီဇိုင်းပိုင်း များကို လုပ်ဆောင်နေပြီး အခြေခံ အဆောက်အအုံ ပိုင်းများမှာ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သီလဝါ အထူး စီးပွားရေးဇုန် အတွင်း ဂျပန်နိုင်ငံ အပါအဝင် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ရင်းနှီးမြှုပ်နှံ ထားပြီး အထည်ချုပ် လုပ်ငန်း၊ မော်တော်ယာဉ် လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီကိုးခုမှ လုပ်ငန်းများ စတင်လည်ပတ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းအပိုင်း(က) အတွင်း ဂျပန်နိုင်ငံမှ ကုမ္ပဏီအများစု ပါဝင်သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၄ ခုမှာလည်း ရင်းနှီးမြှုပ်နှံရန် Reservation လက်ခံရရှိ ထားကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment