Pages

Wednesday, July 6, 2016

ပဲခူးရိုးမ၌ သစ်ထုတ်လုပ်မှု ၁၀ နှစ်ခန့်ရပ်နားမည့် အစီအစဉ်ကို လွှတ်တော် နှင့် အစိုးရအဖွဲ့ထံ တင်ပြထား



ရန်ကုန် ၊ ၆-၇-၂၀၁၆

ပဲခူးရိုးမ၌ သစ်ထုတ်လုပ်မှု ၁ဝ နှစ်ခန့် ရပ်နားမည့် အစီအစဉ်နှင့် တစ်နိုင်ငံလုံး သစ်ထုတ်လုပ်မှု တစ်နှစ်ခန့် ရပ်နားမည့် အစီအစဉ်ကို လွှတ်တော်နှင့် အစိုးရအဖွဲ့ထံ တင်ပြနေဆဲ ဖြစ်ကာ အတည်ပြုချက် မရသေး သော်လည်း ဝန်ကြီးဌာနက သစ်ထုတ်လုပ်မှု များကို ယခုနှစ် သစ်ထုတ် ရာသီတွင် ရပ်နား ထားကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ် မှုကို တစ်နှစ်ခန့် ရပ်ဆိုင်းထားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ရောက်မှသာ ပြန်လည် ထုတ်လုပ် ရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ သစ်တော ပြုန်းတီးမှု အများဆုံး ဖြစ်ပေါ်နေသည့် ပဲခူးရိုးမ၏ သစ် ထုတ်လုပ်မှုကို ၁ဝ နှစ်ခန့် ရပ်ဆိုင်းထားရန် စီစဉ်လျက် ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ သိရသည်။

''ဒီနှစ်တွေရော နောက်နှစ်တွေ ပါ ပဲခူးရိုးမက သစ်မထုတ် တော့ပါဘူး။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ တစ်နိုင်ငံလုံး သစ်ထုတ်တာ ရပ်ဖို့ရယ်၊ ပဲခူးရိုးမ ကနေ သစ်ထုတ်တာ ၁ဝ နှစ်ရပ်ဖို့ရယ် တင်ပြခဲ့ပါတယ်။ လောလောဆယ် သစ်တောက ရေးဆွဲထားတဲ့ ထုတ်လုပ်မယ့် စာရင်းမှာလည်း ပဲခူးရိုးမ မပါတော့ပါဘူး'' ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပဲခူးရိုးမ ဧရိယာသည် တောင်ပိုင်း၌ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်း၌ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် နေပြည်တော် အထိ ကျယ်ပြန့်ပြီး မြန်မာနိုင်ငံ ၌ ကျွန်းသစ် အများဆုံး ပေါက်ရောက်ရာ ဒေသဖြစ်ကာ ယခင်က ကျွန်းသစ် ထုတ်လုပ်မှုတွင် နာမည်ကျော် ခဲ့သော ပဲခူးရိုးမ၏ ကျွန်းသစ် ပေါက်ရောက်မှုနှုန်း သည်လည်း ယခုအခါ ကျဆင်းလျက် ရှိသည်။ ယခင်က ပဲခူးရိုးမ၌ သစ်ပင် ၁ဝဝ လျှင် ကျွန်းပင် ၁၂ ပင်အထက် ပေါက်ရောက် သော်လည်း နှစ်ပေါင်းများစွာ သစ်ထုတ်လုပ်မှု များနှင့် တရားမဝင် သစ်ခိုး ထုတ်မှုများ ရှိလာခဲ့သဖြင့် ပဲခူးရိုးမ အတွင်း ကျွန်းသစ် ပေါက်ရောက်မှု နှုန်းသည် တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ယခုအခါ သစ်ပင် ၁ဝဝ လျှင် ကျွန်းပင်ရှစ်ပင် အောက်သာ တွေ့ရှိ ရတော့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment