Pages

Tuesday, July 26, 2016

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် နိုင်ငံတကာနည်းပညာမြင့် တိုင်းတာရေး ကိရိယာများ တပ်ဆင်



ရန်ကုန် ၊ ၂၆-၇-၂၀၁၆

ရေလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော စီးပွားရေး လုပ်ငန်းများ နှင့် ရေလုပ်သားများ အတွက် ဧရာဝတီမြစ်၏ ပြောင်းလဲမှု အခြေအနေ အရပ်ရပ်အား သိရှိနိုင် စေရန် မြစ်ကြောင်း တစ်လျှောက်တွင် နိုင်ငံတကာ နည်းပညာမြင့် တိုင်းတာရေး ကိရိယာ များအား တပ်ဆင်ထားပြီ ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရန်ကုန်)ရုံး မှ သိရသည်။

အဆင့်မြင့် တိုင်းတာရေး ကိရိယာ များသည် နော်ဝေနိုင်ငံနှင့် ကနေဒါနိုင်ငံရှိ PENTAIR Environmental Systems and Xanatos Marine Co.,Ltd. wdkYrS Automatic Weather Sensors, Water Quality Sensor and Sommer Radar Stand နှင့် AIS (Automatic Identification System) အဆင့်မြင့် တိုင်းတာရေး ကိရိယာများအား ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ လှူဒါန်းခဲ့ရာ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆိုပါ ဦးစီးဌာနရုံး ခန်းမ၌ ဂုဏ်ပြုလွှာ ပေးအပ်ပွဲ ကျင်းပသည်။

ဧရာဝတီ မြစ်ကြောင်း ပေါ်ရှိ စစ်ကိုင်း (အင်းဝ) တံတားတွင် Sommer Radar Stand (Radar, 3G network Antenna,ect) ကိရိယာများ တပ်ဆင်ထားပြီး အဆိုပါ ကိရိယာမှ ဧရာဝတီမြစ်၏ ရေမြင့်မှတ်နှင့် ရေမျက်နှာပြင် ရေစီးနှုန်း တို့အား တိုင်းတာပေးမည် ဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ပေါ် မန္တလေး ရေလမ်းရှိ Navigation Buoy တွင် တပ်ဆင်ထားသော Automatic Weather Station ကိရိယာ သည် ဧရာဝတီမြစ် အတွင်းရှိ အပူချိန်၊ လေတိုက် နှုန်း၊ လေတိုက်သည့် လားရာ (Direction) Barometric Pressure, Relative Humidity, Dew Point, Specific Enthalpy စသည့် တိုင်းတာရရှိသော သတင်း အချက်အလက် များအား Network သို့ အချိန်မှန် ပို့ပေးမည် ဖြစ်သည်။

ထို့အတူ ရန်ကုန်ဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်းတွင် Automatic Weather Sensor နှင့် ရေအရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ထားပြီး တိုင်းတာရေး ကိရိယာများမှ ရရှိလာသော အချက်အလက် များသည် အလိုအလျောက် Website သို့ ၁၅ မိနစ်တစ်ကြိမ် ပေးပို့နေမည် ဖြစ်သည်။ ထို အချက်အလက် များအား သိလိုသော သင်္ဘောများ၊ စက်လှေများ အပါအဝင် ရေလုပ်ငန်း အသီးသီးမှ ရေလုပ်သား များအနေဖြင့် မည်သူမဆို မိမိတို့၏ Mobile Phone မှတစ်ဆင့် www.envault.com.au ဝက်ဘ်ဆိုက်သို့ ရိုက်နှိပ်ကာ ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။

အဆင့်မြင့် တိုင်းတာရေး ကိရိယာမှ ရရှိသော သတင်း အချက်အလက် များသည် ဧရာဝတီမြစ်၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍနှင့် ရာသီဥတု အချက်အလက် များစုစည်းမှု တို့ကို များစွာ အထောက်အကူ ပြုစေပြီး ရာသီဥတု အန္တရာယ် ကိုလည်း ကြိုတင် သိနိုင်မည် ဖြစ်သည်။ AIS System သည် ရန်ကုန်မြစ် အတွင်း သွားလာနေသော ရေယာဉ်များအား Computer Internet ဖြင့် တိုက်ရိုက် ကြည့်ရှု နိုင်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment