Pages

Monday, June 6, 2016

UNESCO နှင့် ရှေးဟောင်း သုတေသန ဦးစီးဌာနတို့၏ အကြံဉာဏ်များဖြင့် မွေတော်ကက္ကူဘုရားများ ပြုပြင်မည်



တောင်ကြီး ၊ ၆-၆-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီး မြို့နယ်၌ ယခုနှစ် ဧပြီ ၂၂ ရက်က သဘာဝ ဘေးအန္တရာယ် ဖြစ်သည့် လေပြင်း မုန်တိုင်း တိုက်ခတ်မှု ဒဏ်ကြောင့် မွေတော်ကက္ကူ စေတီတော်ပေါင်း ၂၂၄ဝ ကျော်အနက် စေတီတော်ပေါင်း တစ်ထောင်ကျော် ပျက်စီးဆုံးရှုံး ခဲ့ရမှုများကို ပြန်လည်ပြုပြင် သွားနိုင်ရန် ယူနက်စကို နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနတို့ ပူးပေါင်း ပေးအပ်သည့် အကြံဉာဏ် များဖြင့် ပြင်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လေပြင်းမုန်တိုင်း ဒဏ်ကြောင့် စေတီများ၏ ထိခိုက် ပျက်စီးမှု ပမာဏမှာ ထီးတော်များ ယိမ်းယိုင်သော စေတီပေါင်း ၁၄၉ ဆူ၊ ထီးတော်ပြုတ်ကျ ၍ မြေခသည့် စေတီပေါင်း ၁၉ ဆူ၊ ချရားသီးထိ ပျက်စီးသော စေတီပေါင်း ၂၁၃ ဆူ၊ ဖောင်းရစ်ထိ ပျက်စီးသည့် စေတီပေါင်း ၄၇၂ ဆူ၊ ခေါင်းလောင်းထိ ပျက်စီးသော စေတီပေါင်း ၉၆ ဆူ၊ အက်ကွဲသည့် စေတီပေါင်း ၆၆ ဆူ စုစုပေါင်း စေတီ ၁၀၁၅ ဆူ ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က သတင်း ထုတ်ပြန် ခဲ့သည်။

စေတီများ ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ ဘဏ္ဍာရေးနှင့် သတင်း ထုတ်ပြန်ခြင်း၊ မှတ်တမ်း တင်ခြင်းနှင့် ပြင်ဆင်ပြုပြင် ထိန်းသိမ်းခြင်း၊ လြုံခုံရေး ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ပြုပြင် ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို လုပ်ကိုင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါ ထိခိုက် ပျက်စီးခဲ့သည့် စေတီတော် များအား ပြန်လည်ပြုပြင် မွမ်းမံရေး အတွက် မွေတော်ကက္ကူ ဘုရား၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီးမြို့ စူဠာမုနိဘုရား တို့တွင် အလှူခံ ဌာနများ ဖွင့်လှစ် ထားရှိကြောင်း သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment