Pages

Tuesday, June 21, 2016

၂၀၁၇ ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် ပညာသင်ဆု ချီးမြှင့်မည်



နေပြည်တော် ၊ ၂၁-၆-၂၀၁၆

ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအား ၂ဝ၁၇ ခုနှစ်မှ စတင်၍ စိုက်ပျိုးရေး ဆိုင်ရာ သုတေသန လုပ်ငန်းများ အတွက် ပညာသင်ဆု များကို ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် လူငယ် ပညာရှင်များ အသင်း (YSAY) ၏ ရန်ပုံငွေဖြင့် ပေးအပ်သွားမည် ဖြစ်ကြောင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် လူငယ် ပညာရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြင့် က ပြောသည်။

အဆိုပါ ပညာသင်ဆု အား YSAY မှ စုဆောင်းထား သည့် ရန်ပုံငွေဖြင့် လာမည့် နှစ်တွင် ဘွဲ့ကြို ကျောင်းသား တစ်ဦးအား ပေးအပ်သွားမည် ဖြစ်ပြီး ရွေးချယ်ခံ ရမည့်သူ အနေဖြင့် စာတစ်ခု တည်းတွင် ထူးချွန်သူမျိုး မဟုတ်ဘဲ အများအကျိုး ဆောင်ရွက် တတ်သူနှင့် ဘက်စုံ ထူးချွန်သည့် သူများအား အဓိက ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆုပေးမည့် ပုံစံများမှာ သုတေသန လုပ်ငန်း အဆိုပြုချက် များကို ဖိတ်ခေါ်သွားမည် ဖြစ်ပြီး အဆိုပြုချက် များမှ ကောင်းမွန်သည့် လုပ်ငန်းများအား ပြန်လည် ရွေးချယ် သွားမည့်အပြင် သုတေသန လုပ်ငန်း၏ ကုန်ကျစရိတ်အား တွက်ချက်၍ ငွေကြေး ပံ့ပိုးပေးရေး စီစဉ်သွားရန် ရှိပြီး နောင်နှစ်များတွင် ပညာသင်ဆု များ ပိုမိုပေးအပ် နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment