Pages

Tuesday, June 21, 2016

ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုကျောင်းသား များအား ဂျာမနီနိုင်ငံမှ ပညာသင်ဆုများ ပေးအပ်


University Hofenheim

ရန်ကုန် ၊ ၂၁-၆-၂၀၁၆

ဂျာမနီနိုင်ငံရှိ University Hofenheim အပါအဝင် တက္ကသိုလ် ကိုးခု၌ သွားရောက် သင်ကြားနိုင်မည့် Baden Wurttemberg ပညာသင်ဆုကို ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ကြို ကျောင်းသား များအား ဂျာမနီနိုင်ငံ Baden Wurttemberg ပြည်နယ် ဖောင်ဒေးရှင်းက ပေးအပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုနှင့်ပတ်သက်၍ လျှောက်ထားသူ ဒုတိယနှစ် ကျောင်းသား ကိုအောင်စိုးသိုက် က '' ရန်ကုန်တက္ကသိုလ်  မှာတော့ နှစ်စဉ် ပညာသင်ဆု လျှောက်ထား ခွင့်တွေ ရပါတယ်။ ဂျာမနီနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ University Hofenheim လိုမျိုးမှာ တက်နိုင်ဖို့က ကိုယ့်ပိုက်ဆံနဲ့ ဆို မလွယ်ကူဘူး။ ပညာသင်ဆု ပေးရင်လည်း ဘာသာရပ် ခွဲခြားတာမျိုး မလုပ်ဘူးဆိုရင် ကျောင်းသားတွေ အတွက် ရွေးချယ်ဖို့ အခွင့်အလမ်း ပိုရှိလာမယ်'' ဟု ပြောသည်။

Baden Wurttemberg ပညာသင်ဆု နှင့်ပတ်သက်၍ သုံးနှစ်အတွင်း ရန်ကုန် တက္ကသိုလ်မှ အနည်းဆုံး ကျောင်းသား ဦးရေ ၂ဝ ဦးအား ပေးအပ်သွားမည် ဖြစ်ပြီး ပညာသင်နှစ် တစ်နှစ်လျှင် အနည်းဆုံး ကျောင်းသား ခုနစ်ဦး ရွေးချယ်ခေါ်ယူ သွားရန် စီစဉ်ထားသည်။

ရန်ကုန်တက္ကသိုလ် မှ မည်သည့် ဘာသာရပ်ကို အထူးပြု ယူထားသည့် ကျောင်းသားမဆို လျှောက်ထားနိုင်ပြီး ရွေးချယ်ခံ ရသော ကျောင်းသားသည် အနည်းဆုံး ဂျာမနီနိုင်ငံမှ တက္ကသိုလ် တစ်ခု၌ Semester တစ်ခုကို လေးလ တက်ရောက်ခွင့် ရမည်ဖြစ်သည်။ ဆက်လက် တက်ရောက် လိုသော ကျောင်းသား သည် စာကြိုးစား ရမည်ဖြစ်ပြီး သတ်မှတ်ချက် ပြည့်မီမှသာ ကျောင်းပြီးသည် အထိ တက်ရောက်ခွင့် ရမည် ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ Baden Wurttemberg ပြည်နယ် ဖောင်ဒေးရှင်း သည် ပညာသင်ဆု ပေးအပ်ခဲ့ပြီး ယင်း ပညာသင်ဆု တွင် လေယာဉ်စရိတ်၊ ဗီဇာကြေး၊ ကျောင်းလခ နှင့် နေထိုင်စရိတ် တစ်လလျှင် ယူရို ၆ဝဝ နှုန်း ပေးအပ်သွားမည် ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment