Pages

Wednesday, June 29, 2016

ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များကို ၀န်ဆောင်မှုပေးနသော ယာဉ်များ လုပ်ငန်းလိုင်စင် ရှိ-မရှိ စိစစ်သွားမည်


Successfully entering Thailand at Mae Sot after crossing the length of Myanmar. (Photo: Jay Kannaiyan)

ရန်ကုန် ၊ ၂၉-၆-၂၀၁၆

ပြည်တွင်းရှိ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက် ရှိသော ယာဉ်များအား လုပ်ငန်းလိုင်စင် ရယူထားခြင်း ရှိ၊ မရှိကို အောက်တိုဘာ ၁ ရက်မှစ၍ စောင့်ကြပ် စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''တစ်နှစ်ထက် တစ်နှစ် ဝင်ရောက်မှုများ လာတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အတွက် ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကအစ ကောင်းမွန်နေဖို့ လိုတယ်။ ပို့ဆောင်ပေး နေတဲ့ စက်လှေတွေ၊ ယာဉ်တွေကို လည်း ညောင်ရွှေမြို့နယ် ခန်းမမှာ လိုင်စင် ပြုလုပ်ပေး ခဲ့ပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က ပြောသည်။

မြန်မာနိုင်ငံ၌ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက် များနှင့်အညီ လုပ်ငန်း ဆောင်ရွက် လိုသော လုပ်ငန်းရှင် များအား လုပ်ငန်း လိုင်စင်များ ဆောင်ရွက် ပေးလျက် ရှိသည်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ပို့ဆောင်ပေး နေသော ခရီးသည်တင် ယာဉ်များ အနေဖြင့် သတ်မှတ်ထားသော နည်းလမ်းများ နှင့်အညီ လျှောက်ထား လာပါက လုပ်ငန်းလိုင်စင် များ ခွင့်ပြုပေးလျက် ရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား ခရီးစဉ် ဝန်ဆောင်မှု ပေးလျက်ရှိသော လုပ်ငန်းရှင် များသည် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်သည်။

တချို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ၄င်းတို့၏ မော်တော်ယာဉ် များဖြင့် နိုင်ငံအတွင်း ဖြတ်ကျော် ဝင်ရောက် လည်ပတ်သည့် ခရီးစဉ်များကို သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီများက တစ်ဆင့် တင်ပြ လာပါက ၄င်းတို့၏ ယာဉ်များဖြင့် မြန်မာ နိုင်ငံအတွင်း လည်ပတ်ပြီးပါက ပြန်လည် ထွက်ခွာနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment