Pages

Wednesday, June 29, 2016

အမေရိကန်နိုင်ငံမှ အာလူးများတင်သွင်း နေခြင်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု၊ လူသားတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ခြင်းကြောင့် တားမြစ်ချက် ထုတ်လိုက်သည့် မက္ကဆီကို



မက္ကဆီကိုစီးတီး ၊ ၂၉-၆-၂၀၁၆

မက္ကဆီကို တရားရုံးချုပ်က အမေရိကန်နိုင်ငံမှ အာလူးများ တင်သွင်း နေခြင်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေမှု၊ စာသုံးသူ လူသားတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ခြင်း တို့ကြောင့် တားမြစ် ပိတ်ပင်ချက်များ ထုတ်ပြန်လိုက်ကြောင်း Reuter သတင်းဌာနက ဇွန်  ၂၉ရက်တွင် ရေးသားဖော်ပြ သွားခဲ့သည်။

Mexico's Federal Judicial Council (CJF) က အမေရိကန် က တင်ပို့လာသော အာလူးများကို မက္ကဆီကို စိုက်ပျိုးရေး ၀န်ကြီးဌာနမှ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်သွားခဲ့ရာ အဆိုပါ အာလူးများသည် သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် စေနိုင်သော ဓာတုပစ္စည်းများ ရောနှော ပါဝင်နေသလို၊ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပိုးမွှားများ ပါရှိနေကြောင်း သိရသည်။ 

လက်ရှိ တင်ပို့ပြီးသား အာလူးများထဲမှာ ပိုးမွှားများ ပါဝင်နေသော အာလူးများကို သီးသန့်ခွဲထုတ် ထားရကြောင်း သိရသည်။ လက်ရှိ CJF က အမေရိကန်မှ အာလူးများ တင်ပို့နေမှုကို လူအခွင့်အရေး နှင့် စားနပ်ရိက္ခာ လုံခြုံရေး အဖွဲ့အစည်း က သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေဖြင့်သာ ထိန်းချုပ်ကန့်သတ် သွားမည် ဖြစ်သော်လည်း အဆိုပါ ဆုံးဖြတ်ချက်မှာ နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်ကြောင်း သိရသည်။

CJF အနေဖြင့် အဆိုပါ အာလူးများ တင်ပို့ရောင်းချမှုကို သိပ္ပံဆိုင်ရာ ဥပဒေများဖြင့်ပါ ကန့်သတ် ထိန်းချုပ်ပြီး တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်၏ မှတ်တမ်းများ အရ အမေရိကန် နိုင်ငံမှ မက္ကဆီကို နိုင်ငံသို့ တင်ပို့ခဲ့သော အာလုံးတန်ချိန် စုစုပေါင်းမှာ ၁၂၂၇၉၆ တန်အထိ ရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဧပြီလအတွင်း တင်ပို့ ရောင်းချခဲ့သော တန်ချိန်မှာ ၃၆၅၁၆ တန်ချိန်ရှိခဲ့သည်။ 

အဆိုပါ အာလူးများ ထဲတွင် ပိုမွှားနှင့် ဓာတုပစ္စည်းများ ပါဝင်ရောစပ် နေသည့် အာလူးတန်ချိန် မည်မျှထိ ရှိနေမည်ကို အတိအကျ စမ်းသပ်ရခြင်း မရှိသေး ကြောင်း သိရသည်။ CJF ၏ ထုတ်ပြန်ချက် နှင့် ပတ်သက်၍ မက္ကဆီကို စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးက တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်း မရှိသေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment