Pages

Monday, June 20, 2016

သွေးအား ကောင်းမွန်စေမှုကြောင့် စားသုံးမှုများလာပြီး ရောင်းအား ကောင်းလာသည့် ခုံးချော



ဘိုကလေး ၊ ၂၀-၆-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိ ကျေးရွာမှ အများဆုံး ထွက်ရှိသည့် ခုံးချော စားသုံးခြင်း သည် သွေးအား ကောင်းမွန် စေသောကြောင့် မေလ နောက် ဆုံးပတ်မှ စပြီး နိုင်ငံခြားသားများ အပါအဝင် ပြည်တွင်းမှ ဝယ်ယူ စားသုံးမှု အများအပြား ရှိလာသဖြင့် ဈေးနှုန်းမြင့်တက် နေကြောင်း အဆိုပါ ကျေးရွာရှိ ခုံးဖြန့်ချိရေးဒိုင် များမှ သိရသည်။

''အရင်ကတော့ ဒီခုံးကို စားရမှန်း သိပ်မသိကြဘူး။ အသားအရေတို့ အသွေးအသား တို့နဲ့ မတည့်မှာ စိုးတာကြောင့် စားသုံးမှု မရှိသလောက် ပါပဲ။ အခုအချိန် မှာတော့ ကျန်းမာရေး အသိတွေ ရှိလာတဲ့ အပြင် ပင်လယ်စာ ရောင်းချတဲ့ စားသောက်ဆိုင် တွေက အများအပြား ဝယ်ယူမှုတွေ ရှိလာတာကြောင့် လက်ရှိမှာ ရောင်းအားတွေ တက်လာတာပါ'' ဟု ကဒုံကနိ ကျေးရွာ ခုံးဖြန့်ချိရေးဒိုင် တစ်ခုမှ ဦးထွန်း က ပြောသည်။

အဆိုပါ ခုံးချော များသည် ကဒုံကနိ အပြင် ဧရာနှင့် ကိုင်းသောင် စသည့်ရွာ များ၌လည်း ထွက်ရှိကြောင်း သိရသည်။ ယင်းခုံးချော များကို ရောင်းချရာတွင် ပြည်တောင်း ဖြင့် ခြင်တွယ် ရောင်းချပြီး ခုံးကောင် အရွယ်အစား အသေးမှာ ဆန်လေးလုံး ခြင်ခွက် နှစ်ခွက်ခန့် ပမာဏကို ငွေကျပ် ၈ဝဝ ဖြင့် ရောင်းချပြီး ခုံး အရွယ်အစား အကြီးမှာ ဆန်ရှစ်လုံးခြင် ခွက် နှစ်ပြည်ခန့် ပမာဏကို ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချကြောင်း သိရသည်။ အဆိုပါ ခုံးကို တရုတ် နိုင်ငံသားများမှ အဓိက စားသုံး ကြကြောင်း သိရသည်။ (ပိုးပိုး)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment