Pages

Wednesday, June 22, 2016

အကြိမ်(၃၀)မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး တက်ရောက်မည့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ ၊ လှည့်လည်ကြည့်ရှုလေ့လာ


ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အား မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် တာဝန်ရှိသူများက ကျိုင်းတုံလေဆိပ် တွင် ကြိုဆိုစဉ်

နေပြည်တော် ၊ ၂၂-၆-၂၀၁၆

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်မည့် အကြိမ်(၃ဝ) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် အတွက် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt. Gen. Somsak Nilbanjerdkul ဦးဆောင်သော အဖွဲ့သည် ဇွန် ၂ဝ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံလေဆိပ် သို့ရောက်ရှိလာရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်အေး၊ တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ၊ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ (ကြည်း၊ ရေ၊ လေ) စစ်သံမှူးများ နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Lt. Gen. Somsak Nilbanjerdkul ဦးဆောင်သော အဖွဲ့သည် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် အဖွဲ့ဝင် များလိုက်ပါ၍ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ ဘုရားအား ဖူးမြော်ကြည်ညို ကြပြီး သစ်တစ်ပင်တောင် သို့သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် လွယ်မွေမြို့ရှိ စတုရဌသုမင်္ဂလ စေတီတော်မြတ် သို့ သွားရောက် ဖူးမြော် ကြည်ညိုကြပြီး လွယ်မွေမြို့ရှိ နှစ် ၁ဝဝ အိမ်တော်နှင့် ဒေသထွက် သစ်သီးဝိုင် ထုတ်လုပ်ရောင်းချ နေမှုအား လည်းကောင်း၊ ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ တိုင်းလိ ယဉ်ကျေးမှု ခန်းမဆောင်တွင် ခင်းကျင်းပြသ ထားသော ဒေသခံ တိုင်းရင်းသား များ၏ ရိုးရာလက်မှု လုပ်ငန်းများ အားလည်းကောင်း သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment