Pages

Thursday, June 2, 2016

ရာသီဥတု ဖောက်ပြန်မှုများကြောင့် အစားအစာမအတွင်းတွင် အဆိပ်သင့်စေသော ဓာတ်များ ပမာဏပိုမိုမြင့်မားလာ



နယူးယောက် ၊ ၂-၆-၂၀၁၆

United Nations Environment Programme (UNEP) အဖွဲ့အစည်းမှ သုတေသီများ၏ သုတေသန ပြုချက်အရ ရာသီဥတု ဖောက်ပြန်မှု များကြောင့် လူသားတို့ စားသုံးလေ့ရှိသော အစားအစာများ အတွင်းတွင် အဆိပ်သင့် စေသော ဓာတုဓာတ် ပမာဏ ပိုမိုမြင့်မား လာသည်ကို တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သစ်သီးဝလံ များဖြင့် ဆက်စပ်သော အစားအစာ များတွင် ပိုမို ဖြစ်ပေါ်လေ့ရှိပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် အစားအစာ အတွင်း ဖွဲ့စည်းထားသော ဒြပ်ပေါင်းများ ဓာတ်ပြုကာ လူတို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေနိုင်သည့် အဆိပ်သင့် ပမာဏ အဆင့်သို့ မြင့်တက် သွားကြခြင်း ဖြစ်သည်။ အထူးသဖြင့် သိုလှောင်ထား၍ အချိန်တစ်ခု ကြာမြင့်မှ စားသုံးလေ့ရှိသော အစားအစာ များတွင် ပိုမိုဖြစ်ပေါ် တတ်ကြောင်း သိရသည်။

''ပုံမှန်အားဖြင့် မိုးခေါင် ရေရှားကာလမှာ ဖြစ်ထွန်းတဲ့ ရာသီပေါ် သီးနှံတွေကြောင့် သီးသန့် မဟုတ်ဘဲ မြေဆီလွှာတွေ ကြောင့်လဲ ဖြစ်ပေါ်စေ ပါတယ်။ မြေဆီလွှာ တွေဟာ နိုက်ထရိတ် ဓာတ်တွေကို စုပ်ယူပါတယ်။ ဒါ့ပြင် စုပ်ယူလိုက်တဲ့ နိုက်ထရိတ်ဓာတ် တွေကို အေမီနိုအက်စစ် နဲ့ ပရိုတိန်းဓာတ် အဖြစ် ပြောင်းလဲ ထုတ်လုပ်ပါတယ်။ ဒါဟာ မြေဆီလွှာရဲ့ ပုံမှန် လုပ်ငန်းစဉ် တစ်ခုပါ။ မိုးခေါင်ရေရှား ကာလမှာတော့ မြေဆီလွှာတွေဟာ နိုက်ထရိတ်ဓာတ် တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်တာ မရှိတော့ပါဘူး။ ဒီတော့ အပင်တွေ အတွက် အကျိုးရှိတဲ့ အေမီနိုအက်စစ် တွေ၊ ပရိုတိန်းဓာတ် တွေကိုလဲ လုံလုံလောက်လောက် မထုတ်ပေး နိုင်တော့ပါဘူး။ ပရိုတိန်းဓာတ် မပြည့်ဝတဲ့ မြေဆီလွှာ တွေကြောင့် အပင်တွေမှာ ပရိုတိန်းဓာတ် နည်းပါးပြီး အပျက်အစီး ဘက်ကို ဦးတည်သွား ပါတယ်'' ဟု (UNEP) အဖွဲ့အစည်းမှ တာဝန်ခံ ပုဂ္ဂိုလ် မက်စ်ဂလိတ် က ရှင်းလင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment