Pages

Thursday, June 23, 2016

မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ်ဆက်စပ် သစ်တောဒေသကို ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်ရန် ၂၀၁၈ တွင် တင်သွင်းမည်



ရန်ကုန် ၊ ၂၃-၆-၂၀၁၆

မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ်ဆက်စပ် သစ်တောဒေသ ကို နော်ဝေ အမွေအနှစ် ဖောင်ဒေးရှင်း ၏ ပံ့ပိုးမှုဖြင့် ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင် နိုင်ရန် လာမည့် ၂၀၁၈ ခုနှစ်တွင် တင်သွင်းမည် ဖြစ်ကြောင်း သစ်တောဦးစီး ဌာနမှ သိရသည်။

ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ သဘာဝအမွေအနှစ် စာရင်းဝင်အဖြစ် အမည်စာရင်း အဆိုပြုလွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ နောက်ဆုံးထား ရေးသား၍ အစိုးရ အဖွဲ့၏ အတည်ပြုချက် ရယူကာ ၂၀၁၈ ခုနှစ်တွင် ယူနက်စကို သို့ တင်သွင်း သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ဖျားရှိ သစ်တောဒေသ ကို ယူနစ်စကို စာရင်း တင်သွင်းနိုင်ရန် ခါကာဘိုရာဇီ တောင်ဘက်ပိုင်း ဧရိယာအား သဘာနယ်မြေ အဖြစ် တိုးချဲ့ခြင်း နှင့် ကမ္ဘာ့ သဘာဝ အမွေအနှစ် စာရင်းဝင်နေရာ စံသတ်မှတ်ချက် များနှင့် ကိုက်ညီသည့် ကမ္ဘာ့အဆင့် ထူးခြားသော တန်ဖိုးများကို ဖော်ထုတ်ခြင်း တို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယူနက်စကို အသိအမှတ်ပြု စာရင်း တင်သွင်းနိုင်ရန် မြန်မာနိုင်ငံ မြောက်ဖျား တောင်ပေါ်ဒေသ နှင့် ဆက်စပ်သစ်တောများ အပါအ၀င် ဟူးကောင်း ချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ၊ အင်းတော်ကြီးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ၊ နတ်မတောင် အမျိုးသား ဥယျာဉ် ၊ မြိတ်ကျွန်းစုဒေသ ၊ ဧရာဝတီမြစ်ဝှမ်း စင်္ကြီ နှင့် တနင်္သာရီ ဆက်စပ်သစ်တော ဒေသများပါ ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင် အဖြစ် တင်သွင်းမည် ဖြစ်ပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံ မြောက်ဖျားရှိ တောင်ပေါ် ဆက်စပ်သစ်တော ဒေသကို ဦးစားပေး တင်သွင်းမည် ဖြစ်သည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment