Pages

Thursday, May 5, 2016

Samsung မှ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ် မှ ကျောင်းသား ကျောင်းသူများ အတွက် ပညာသင်ဆုပေးမည်



ရန်ကုန် ၊ ၅-၅-၂၀၁၆

Samsung ၏ CSR Program မှ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ဆု များနှင့် Software ၊ Hardware ပိုင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Samsung က အရှေ့တောင်အာရှ၊ တရုတ်(တိုင်ပေ) နှင့် နယူးဇီလန် ၌ရှိသည့် Smart School ၈၃ ကျောင်းနှင့် Tech Institute ၁၄ ကျောင်းမှ လူငယ် ကျောင်းသား ပေါင်း ၁၆၅ဝဝဝ အတွက် အမေရိကန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံ ထားသည်။

Samsung သည် နိုင်ငံပေါင်း ၈၄ နိုင်ငံ၌ ဝန်ထမ်းပေါင်း ၃ဝ၇ဝဝဝ ဖြင့် လုပ်ငန်း ဆောင်ရွက်လျက် ရှိပြီး နှစ်စဉ် ရောင်းရငွေ အမေရိကန် ဒေါ်လာ ၁၉၆ ဘီလီယံအထိ ရရှိနေသည့် ကုမ္ပဏီ ဖြစ်သည်။

အာဖရိက၊ အရှေ့ အလယ်ပိုင်း ဒေသ၊ အရှေ့တောင် အာရှနှင့် ဥရောပနိုင်ငံ များ၌ အစီအစဉ် ၂၃ ခုကို အကောင် အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကာ အရည်အချင်း ရှိသည့် လူငယ်များအား ယခု အစီအစဉ်မှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်နိုင် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နှင့် တရုတ် (တိုင်ပေ) စသည့် အာရှနိုင်ငံများမှ ကျောင်းသားလူငယ် များစွာကို နည်းပညာ နှင့် အင်ဂျင်နီယာ ဘာသာရပ် များတွင် လိုအပ်သည့် သင်ကြားမှု များအတွက် နည်းပညာနှင့် ပတ်သက်သည့် သင်တန်းများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment