Pages

Thursday, May 5, 2016

ကယားပြည်နယ် မယ်စဲ့ကုန်သွယ်ရေးဇုန် ယခုနှစ်တွင် ဖွင့်လှစ်မည်


တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်

လွိုင်ကော် ၊ ၅-၅-၂၀၁၆

ကယားပြည်နယ် နှင့် ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေသည့် နေရာ၌ တည်ဆောက်လျက် ရှိသော မယ်စဲ့ ကုန်သွယ်ရေးဇုန် ကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်း ကုန်သွယ်ရေး
ဇုန်အား အကောင်အထည်ဖော် ဆောင်ရွက် နေသည့် တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

''မယ်စဲ့ ကုန်သွယ်ရေးဇုန် ဖွင့်လှစ်လိုက်ပြီ ဆိုတာနဲ့ ကယားပြည်နယ် က ကာလတို အတွင်းမှာ ဖွံ့ဖြိုးတိုးတက် လာမှာပါ။ ဒီ ကုန်သွယ်ရေးဇုန် ကို ၂ဝ၁၃ ခုနှစ် ကတည်းက စတင်ပြင်ဆင် လာခဲ့တာပါ။ လက်ရှိမှာတော့ ပြင်ဆင်မှု အပိုင်းတွေက အားလုံးနီးပါး ပြီးစီး နေပြီဖြစ်လို့ ဒီနှစ်ကုန် လောက် ဖွင့်လှစ်မှာပါ'' ဟု ယင်း ကုန်သွယ်ရေး ဇုန်ကို အကောင် အထည်ဖော် ဆောင်ရွက် နေသည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကုန်သွယ်ရေးဇုန် မှာ မြန်မာ-ထိုင်း နယ်စပ်ချင်း ထိစပ်သည့် နေရာများတွင် ဖွင့်လှစ်မည့် ငါးခုမြောက် ကုန်သွယ်ရေးဇုန် ဖြစ်ပြီး ကယားပြည်နယ် နှင့် မြန်မာနိုင်ငံ အနှံ့မှ ကုန်ပစ္စည်း များကို တရားဝင် တင်ပို့နိုင်မည့် အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment