Pages

Sunday, May 8, 2016

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဘိုကလေးမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ဘိုကလေးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၈-၅-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)မှ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ဘိုကလေးမြို့နယ်၊ မြင်းကကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးရာ ယမန်နေ့တွင် ဒေသခံပြည်သူ ဆေးကုသမှု ဆိုင်ရာရောဂါ ၁၄၃ ဦး၊ ခွဲစိတ်ရောဂါ ၃၉ ဦး၊ သားဖွားမီးယပ် ရောဂါ ၂၅ ဦး၊ ကလေးရောဂါ ၃ဝ ဦး၊ အရိုးရောဂါ ၆၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၁၇ ဦး၊ မျက်စိရောဂါ ၁၅ဝ ဦးနှင့် သွားရောဂါ ၆၂ ဦး၊ စုစုပေါင်း ၅၃ဝ ဦးတို့ကို လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အထွေထွေခွဲစိတ် လူနာ ၁ဝ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၈ ဦးနှင့် သွားရောဂါ လူနာ ၂ဝ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသပေးခြင်း၊ ဓာတ်မှန်ရိုက်သူ ၂၈ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၆ဝ ဦးနှင့် နှလုံးစမ်းသပ် လူနာ ၆၉ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၁၅ ဦးကိုလည်း တပ်မတော်ဆေးရုံ တွင် တက်ရောက်ကုသ နိုင်ရေးစီစဉ် ဆောင်ရွက် ပေးသည်။

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ထိ ဒေသခြံ ပည်သူ ၇ဝ၆၉ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment