Pages

Sunday, May 8, 2016

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ပေါ်တွင် လူနာများအား ရောဂါရှာဖွေပေးစဉ်

နေပြည်တော် ၊ ၈-၅-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော် ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်)မှ တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ဟိန်းဇဲကျွန်း နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆက်လက် ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၇ဝ ဦး၊ ခွဲစိတ်ရောဂါ ၄၆ ဦး၊ သားဖွားမီးယပ် ရောဂါ ၃၇ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၂၈ဝ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၁၂ဝ ဦး၊ မျက်စိရောဂါ ၃၃ဝ ဦးနှင့် သွားရောဂါ ၉ဝ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၁၃ဝ၆ ဦးကို လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ကိုးဦး၊ မျက်စိခွဲစိတ် လူနာရှစ်ဦးနှင့် သွားရောဂါလူနာ ၄၄ ဦးတို့အား ဆေးရုံ ရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသ ပေးခြင်း၊ ဓာတ်မှန်ရိုက်သူ ၃၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်သူ ၂၇ ဦးနှင့် နှလုံးစမ်းသပ်သူ ၂၇ ဦးတို့အား ရောဂါရှာဖွေ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံသင်္ဘော ပေါ်တွင် ဒေသခံပြည်သူ ၂၄ ဦးကို ဆေးရုံတင် ကုသ ပေးလျက်ရှိရာ လူနာရှစ်ဦး ကိုလည်း တပ်မတော် ဆေးရုံတွင်တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကမ်းရိုးတန်းဒေသ များရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ထိ ဒေသခံပြည်သူ ၇၁၉၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment