Pages

Friday, May 27, 2016

ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင်ကမ်းခြေ ရှိ မြေကွက်များ မြို့ပြဧရိယာထက် ဈေးမြင့်တက်



ကျောက်ဖြူ ၊ ၂၇-၅-၂၀၁၆

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင် ကမ်းခြေရှိ မြေကွက်များ မြို့တွင်း မြေဈေးနှုန်းထား များထက် မြင့်တက် လာကြောင်း ကျောက်ဖြူမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

အဆိုပါ ကမ်းခြေရှိ မြေကွက်များမှာ ၂ဝ၁၄ ခုနှစ် မတိုင်မီက ပေ (၄ဝ x ၆ဝ) တစ်ကွက်လျှင် ငွေကျပ် သိန်း ၃ဝ မှ သိန်း ၅ဝ ခန့်သာရှိခဲ့ပြီး လက်ရှိတွင် တစ်ကွက်လျှင် ငွေကျပ်သိန်း ၃ဝဝ မှ သိန်း ၆ဝဝ ခန့်ထိ မြင့်တက် လာသည်။

''ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း စီမံကိန်းကို မျှော်မှန်းပြီး ဆက်တိုက် ဝယ်ယူ ခြံခတ်နေကြ ပါတယ်။ လောင်းကျိုး၊ ဝမျှောင် အပိုင်းဆို ပိုပြီး အရောင်းအဝယ် ဖြစ်နေပါတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးမောင်ကြီး က ပြောပြသည်။

ကျောက်ဖြူမြို့ပြ ဧရိယာများရှိ အိမ်ခြံမြေ ဈေးများမှာ လက်ရှိ နေရာဒေသ အလိုက် ပေ (၄ဝx၆ဝ) တစ်ကွက်လျှင် ငွေကျပ်သိန်း ၂ဝဝ မှ သိန်း ၃ဝဝ ခန့် သာရှိပြီး ဈေးငြိမ်လျက် ရှိသည်။

''မြို့တွင်း အိမ်ခြံမြေေ ဈးကွက် ကတော့ ငြိမ်နေပါတယ်။ လက်ရှိ အရောင်းအဝယ် မရှိတော့ ဈေးကလဲ တက်ဖို့ မရှိသေးပါဘူး။ မြို့ပြင်ဘက် တွေက ဈေးပိုတက် နေပါတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်သန္တာလင်း က ပြောပြသည်။

၁၅ မိုင်ခန့် ရှည်လျားပြီး အနောက်ဘက်တွင် ဘင်္ဂလား ပင်လယ်အော် တည်ရှိနေသည့် မင်းပြင် ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို မျှော်မှန်းပြီး လုပ်ငန်းရှင် အချို့မှာ ပြန်လည် ရောင်းချရန် မြေကွက်များ ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment