Pages

Friday, May 6, 2016

အယ်လ်နီညိုရာသီဥတုကြောင့် မန္တလေးမြို့ရှိ ရွှေကျောင်းကြီးတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှု နည်းပါး



မန္တလေး ၊ ၆-၅-၂၀၁၆

မြန်မာနိုင်ငံတွင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ် နေသောကြောင့် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်း မှာလည်း သိသိသာသာ နည်းပါး၍ မန္တလေးမြို့ရှိ အထင်ကရ ဖြစ်သော ရွှေကျောင်းကြီး တွင် နိုင်ငံခြားသား ဝင်ရောက်မှု နည်းပါးကြောင်း သိရသည်။

မန္တလေးမြို့ရှိ အထင်ကရ ဖြစ်သော ရွှေကျောင်းကြီး ၌ ယခုနှစ် မတ်လက နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှု ဦးရေ ၇ဝဝဝ ကျော်ခန့် ဝင်ရောက် လာပြီး ဧပြီလက ဦးရေ ၂၈ဝဝ ကျော်သာ ဝင်ရောက် ခဲ့ကြောင်းသိရသည်။

ယခုအခါ မန္တလေး ရွှေကျောင်းကြီး ကို ထိန်းသိမ်းမှုများ ပြုလုပ်လျက် ရှိရာ အမေရိကန် နိုင်ငံမှ ပညာရှင်များ အကူအညီ ဖြင့် ရွှေကျောင်းကြီး ရှိ တိုင်လုံး သုံးတိုင်ကို အစားထိုး လဲလှယ်၍ ထိန်းသိမ်းလျက် ရှိသည်။ ၄င်း ပညာရှင် များသည် ယခုအခါ ဗီဇာ ကန့်သတ်ချက် အရ အမေရိကန် နိုင်ငံသို့ ပြန်သွားကြောင်း သိရသည်။

ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ် နေစဉ်တွင် လေ့လာသူ များကို ကန့်သတ်ချက်များ ထားရှိခြင်း မရှိသဖြင့် လွတ်လပ်စွာ လေ့လာနိုင် ကြောင်းလည်း သိရသည်။ ရွှေကျောင်းကြီး တိုင်လုံးများ ပြုပြင်ရာတွင် J1, J2, J3 ဖြင့် တိုင်များလဲလှယ် ခဲ့ပြီး ရွှေကျောင်းကြီး၏ ကျန်ရှိ နေသေးသော တိုင်လုံးများကို ပြုပြင် ထိန်းသိမ်းရန် လိုအပ်ခြင်း ရှိ၊ မရှိ စစ်ဆေးပြီးမှသာ လဲလှယ်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ အထင်ကရ ရွှေကျောင်းကြီး နှင့် နန်းတော်ကို နိုင်ငံခြားသား ဝင်ရောက်မှု ၂ဝ၁၄-၂ဝ၁၅ ခုနှစ်ကဦးရေ ၁၂ဝဝဝဝ ကျော် ဝင်ရောက် လေ့လာခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment