Pages

Tuesday, May 24, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Lee Baek-Soon အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၄-၅-၂၀၁၆

မြေဧရိယာ အကျယ်အဝန်း၊ မြေပေါ်မြေအောက် သယံဇာတ၊ သဘာဝ အရင်းအမြစ် များ၊ လူသား အရင်းအမြစ်များ စသည်တို့ ရှိ သော်လည်း တိုင်းပြည် တိုးတက်ရန် အတွက် နိုင်ငံရေးအရ တည်ငြိမ်မှု ရှိရန်၊ လုံခြုံရေးအရ တည်ငြိမ်မှု ရှိရန်လိုကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် တည်တည် ငြိမ်ငြိမ် ခိုင်ခိုင်မာမာ လျှောက်လှမ်း နိုင်ရန် မိမိတို့ ပူးပေါင်းပါဝင် ဆောင်ရွက် နေကြောင်း၊ သို့သော်လည်း ဒီမိုကရေစီစနစ် ကျင့်သုံးသူ များအနေဖြင့် ဒီမိုကရေစီ Practice ကို နားမလည်ပါက နိုင်ငံရေး တည်ငြိမ်မှု မရရှိနိုင် သဖြင့် ယင်း အလေ့အကျင့်များ ရရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လုံခြုံရေးအရ တည်ငြိမ်မှု ရှိစေရန် အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစား ဆောင်ရွက် နေကြောင်း၊ ယင်း တည်ငြိမ်မှုများ ရရှိပါက ယခုထက်ပို၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် နိုင်မည့် နယ်ပယ်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး H.E.Mr. Lee Baek-Soon အား ယမန်နေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံသည် ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် တူညီမှုများ ရှိပြီး ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် နိုင်ငံများ ဖြစ်သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ယခုထက် ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ခေါင်းဆောင်ပိုင်း၊ အလယ်အလတ် ပိုင်းနှင့် အောက်ခြေပိုင်း တို့တွင် ပူးပေါင်း ဆောင်ရွက် နိုင်သည့် နယ်ပယ်များ၌ တိုးတက်အောင် ဆောင်ရွက်ရေး နှင့် စစ်ဘက် သင်တန်းများ စေလွှတ် တက်ရောက် နိုင်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတ အရင်းအမြစ်များ ရှိသော်လည်း တိုင်းပြည် တိုးတက်ရန် နိုင်ငံရေးအရ တည်ငြိမ်မှု ရှိရန် လိုအပ်ပြီး ယင်းသို့ တည်ငြိမ်မှု ရှိအောင် လုပ်ဆောင်နေမှု အခြေအနေများ၊ နယ်စပ်ဒေသ ရှိ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကိုရီးယား သံအမတ်ကြီး နှင့်အတူ စစ်သံမှူး Colonel Hong Jongkee နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment