Pages

Monday, May 30, 2016

ကလောမြို့နယ်ရှိ မြင်းမထိတောင် နှင့် ဥဏ္ဏလုံထီးတော်သုံးဆင့် ဘုရားသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်



ကလော ၊ ၃၀-၅-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် ရှိ မြင်းမထိတောင်၊ မြင်းမထိ လိုဏ်ဂူတော် နှင့် ဂူအတွင်းရှိ ဥဏ္ဏလုံ ထီးတော်သုံးဆင့် သမိုင်းဝင် မွေတော်ဘုရား ထံသို့ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာ ဖူးမြော်မှုမှာ ယခင်နှစ် ကထက် ငါးဆခန့် ပိုမို များပြားသည် ဟု ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။

အဆိုပါ တောင်နှင့် ဘုရားမှာ ကလောမြို့နယ် ကလောနှင့် အောင်ပန်းကြား ကလောမြို့မှ လေးမိုင်အကွာ အောင်ပန်းမှ နှစ်မိုင် အကွာအဝေး၊ ပင်လောင်း- ဖယ်ခုံ- လွိုင်ကော်သို့ သွားသည့် ကားလမ်း အတိုင်း ပင်လောင်းသို့ အသွား လေးမိုင်ခန့် အကွာအဝေး မြင်းမထိရွာ အရှေ့တောင် ဘက်ကပ်လျက် နှစ်ဖာလုံ အကွာ၌ တည်ရှိသည်။

မြင်းမထိဂူ ဘုရားအစ သီရိဓမ္မာ သောကမင်း က ဟူသည့် အဆိုအရ သီရိဓမ္မာ သောကမင်း သက္ကရာဇ် ၂၁၈ ခုနှစ် မဇ္ဈိမဒေသ၊ ပါဋလိပုတ်ပြည် မှ တည်ထား ကိုးကွယ်ခဲ့သည့် ဥဏ္ဏလုံ မွေတော်ဘုရား တစ်ဆူ ဖြစ်ကြောင်း ၊ မြန်မာ သက္ကရာဇ် ၁၂၆၇ ခုနှစ်၌ ရေးသား မှတ်တမ်းတင် ခဲ့သည့် ရှစ်ကြောင်းရေး ခြောက်ရွက်ပါ ပေစာတစ်ခု တွင် ရေးသားဖော်ပြ ထားသည်။

မူလ ဘုရားရှင်၏ မျက်မှောင်တော် ၌ ပေါက်ရောက် သော ဥဏ္ဏလုံ မွေတော်ဓာတ် ကို ဌာပနာ ထည့်သွင်းပူဇော် ခဲ့သဖြင့် ဥဏ္ဏလုံ မွေရှင်တော် ဘုရား ဟု လည်းကောင်း၊ သီရိဓမ္မာ သောကမင်းကြီး နောက် ပုဂံပြည့်ရှင် အနော်ရထာ နှင့် ပုဂံမင်းဆက် အလောင်းစည်သူ မင်းကြီးတို့က ၄င်းတို့ လက်ထက်တွင် ပြန်လည် မွမ်းမံ၍ ထီးတော် များကို လည်းကောင်း ဆက်ကပ် လှူဒါန်း ခဲ့သဖြင့် ထီးတော် သုံးဆင့် ဘုရားဟု အထူးကျော်ကြား နေခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ တောင်တက် သမားများ အထူး စိတ်ဝင်စား စွာဖြင့် တက်ရောက်လေ့ ရှိပြီး ကလောမြို့ ပင်လယ် ရေမျက်နှာပြင် ၄၃၁၅ ပေထက် ၁ဝ၇၅ ပေ ပိုမိုမြင့်မား သည့် ရာဇဝင် လာ ကျန်စစ်သား မင်းကြီး၏ မြင်းမထိ တောင်ကြီး သည်လည်း ဒေသဂုဏ်ကို ဖော်ကျူးလျက် ရှိသည်။

လိုဏ်ဂူ၏ အရှည်မှာ ဂူဝမှ ဂူအဆုံးထိ အရှည် ၁ဝ၂၈ ပေရှိကာ ရှေးနှစ်ပေါင်း ၂၃ဝဝ ကျော် သီရိဓမ္မာ သောကမင်း တည်ထား ကိုးကွယ် ခဲ့သည့် ရှေးဟောင်း ရုပ်ပွားတော် ၂၈ ဆူနှင့် စေတီများ အပြင် စုလစ်မွန်းချွန်း ပါ အေဒီ ၁ ရာစုမှ ၁၇ ရာစုကြားရှိ ရုပ်ပွားတော်များ၊ ပုဂံညောင်ဦး ရှေးဟောင်း သုတေသန ဌာန၏ အတည်ပြုချက် အရ မြင်းမထိဂူ ဘုရားနှင့် ရှေးဟောင်း စေတီများမှာ နှစ်ပေါင်း ၉ဝဝ ကျော်က အနော်ရထာ မင်း၏ ကောင်းမှုတော် များ ဖြစ်ကြောင်း သိရသည်။

ဂူအတွင်းရှိ ဓာတ်တော်ရှင် လာဘမုနိ ဘုရား၊ နတ်သမီး ကျောက်ပျဉ်၊ နတ်သားရေတွင်း၊ နတ်သမီး ရေစင်၊ ကျောက်ဗောဓိ၊ေ ကျာက်ဆင်၊ ဂူအောင်း ရသေ့ပလ္လင်၊ ရွှေဟင်္သာ၊ ဆင်ချည်တိုင်၊ ကျောက်ခရုသင်း၊ ကျောက်ကလပ်၊ အောင်မြေ၊ နဂါးရုံဘုရား၊ ရသေ့ဖိုလ်ဝင်ဂူ နှင့် ကျောက်ဖား အစရှိသည် တို့နှင့် အေဒီ ၁ ရာစု မှ သမိုင်းဝင် ရုပ်ပွားတော် များက ခရီးသွား များကို ဆွဲဆောင်လျက် ရှိပြီး နှစ်စဉ် တန်ခူးလဆန်း ၈ ရက်နှင့် သီတင်းကျွတ် လပြည့်ကျော် ၈ ရက်တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြောင်း သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment