Pages

Monday, May 2, 2016

ကျေးရွာအဆင့် စာမတတ်သူပပျောက်ရေး သင်ကြားမှု အစီအစဉ်တွင် ဒေသခံများ၏ အချိန်မပေးမှုကြောင့် ထိရောက်မှု နည်းပါးနေ



ရန်ကုန် ၊ ၂-၅-၂၀၁၆

မြန်မာ တစ်နိုင်ငံလုံး၌ စာမတတ်သူ ပပျောက်ရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ငန်းစဉ် တစ်ခုအနေဖြင့် လုပ်ဆောင် နေသည့် ကျေးရွာအဆင့် စာမတတ်သူ ပပျောက်ရေး သင်ကြားမှု အစီအစဉ်တွင် စာသင်ကြားမှု ခံယူမည့် ဒေသခံများမှာ လုပ်ငန်းခွင် ဝင်သည့် အချိန်နှင့် သင်ကြားသည့် အချိန် တိုက်ဆိုင်နေ သဖြင့် ထိရောက်မှု နည်းပါး နေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ထိရောက်မှု နည်းပါး နေသောကြောင့် စာသင်ကြား သူများ မကြာမီ စုပေါင်း ဆွေးနွေးမှု ပြုလုပ်ပြီး နည်းလမ်းတစ်ခု အသုံးပြုကာ စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ နှင့် ရပ်/ကျေး အဆင့် တာဝန်ရှိသူများ ပူးပေါင်းစီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အခြေခံ
ပညာကျောင်းများ ပိတ်ထားသည့် သုံးလတာ ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

ယင်း အစီအစဉ်အရ ရွာတစ်ရွာလျှင် ဆရာနှစ်ဦးဖြင့် သင်ကြားပေး နေခြင်းဖြစ်ပြီး သင်ကြားပေး ရာတွင်လည်း ဘာသာရေး ဆိုင်ရာ ဘာသာရပ်နှင့် ပါဌ်ဆင့် မပါသည့် စာပေများကို ရွေးချယ် သင်ကြားပေး နေခြင်း ဖြစ်ကာ ယင်း အစီအစဉ်ကို ပြည်တွင်းရှိ ဆရာ၊ ဆရာမများက သင်ကြားပေး နေခြင်း ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment