Pages

Monday, May 2, 2016

ရှေးထိုင်းဘုရင့်အုတ်ဂူ နှင့် ကျောင်းတော်ရာ တူးဖော်မှု ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဧပြီတတိယပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိ




မန္တလေး ၊ ၂-၅-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အနီးရှိ လင်ဇင်းကုန်း သုသာန်၌ ရှေးထိုင်းဘုရင့် အုတ်ဂူနှင့် ကျောင်းတော်ရာ တူးဖော်မှုကို နှစ်နှစ်ကျော်ကြာ ရပ်နားထား ခဲ့ရာမှ ယခုအခါ ထိုင်းဘုရင့် ဘဏ္ဍာတော် အဖွဲ့၏ ပံ့ပိုး ကူညီမှုဖြင့် ရှေးဟောင်း ပညာရှင်များက ဧပြီ တတိယပတ်မှ စတင်၍ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ထိုင်းဘုရင့် အုတ်ဂူ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း စတင် အကောင်အထည် ဖော်နိုင်ရန် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ရာ ဧပြီ ၂၆ ရက်က အဆိုပါ လုပ်ငန်းစတင်မှု အခြေအနေကို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ များထံ ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

''မိုးကျပြီးရင် ရာသီဥတု အခြေအနေ တွေကြောင့် ပျက်စီးမှာစိုးလို့ ကျွန်တော်တို့ မြန်မာ ရှေးဟောင်း ပညာရှင် တွေက ဝိုင်းဝန်း လုပ်ဆောင် ကြတာပါ။ ကော်မတီ ဖွဲ့ထားတာမျိုး မရှိပါဘူး။ လိုအပ်တဲ့ ငွေကြေးကို ထိုင်းနိုင်ငံ က ပံ့ပိုးကူညီပေး နေပါတယ်'' ဟု တမ္ပဝတီ ဦးဝင်းမောင် က ပြောသည်။

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အနီးရှိ လင်ဇင်းကုန်းမြေ နေရာ၌ ရှေးထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး နှင့် ဥယျာဉ် ဖြစ်မြောက်ရေး ကို မြန်မာပညာရှင် အဖွဲ့နှင့် ထိုင်းပညာရှင် အဖွဲ့တို့ ၂ဝ၁၃ ခုနှစ် သြဂုတ်လ အတွင်းက စတင် အကောင် အထည်ဖော် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တူးဖော်မှုမှ အရိုး၊ သင်္ကန်းစ၊ သပိတ်နှင့် မှန်ပန်းချီ အစရှိသည့် ဘိုးတော်ဘုရား လက်ထက် ရှေးဟောင်း ယဉ်ကျေးမှု လက်ရာတချို့ကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment