Pages

Sunday, May 1, 2016

ချီဖွေမြို့နယ် ၊ လန်ဆယ်ဒေသ၌ ရေကြီးရေလျှံမှုများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


ချီဖွေမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးစဉ်

ချီဖွေမြို့နယ် လန်ဆယ်ဒေသ တွင် ရေဘေးကြောင့် လူနေအိမ်များ ပျက်စီးနေမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၁-၅-၂၀၁၆

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လန်ဆယ်ဒေသ၌ ဧပြီ ၂၄ ရက် နံနက်ပိုင်းမှ စ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လန်ဆယ်ကျေးရွာ အနီးရှိ လကင်ချောင်းရေ မြင့်တက် လာမှုကြောင့် ရေစီးနှင့်အတူ သစ်လုံးများ မျောပါ တိုက်မိ၍ လန်ဆယ်ရွာရှိ လူနေအိမ် အလုံး၅ဝ နှင့် အလယ်တန်း ကျောင်းရှိ အဆောင် အဟောင်း သုံးလုံး၊ လကင်ရွာရှိ လူနေအိမ် ငါးလုံး၊ တန်ဒန်ရွာရှိ လူနေအိမ် တစ်လုံး၊ ချီဝင်ရွာရှိ လူနေအိမ် လေးလုံး၊ ဒဘန်းခရွာရှိ လူနေအိမ် ၂၈ လုံး၊ ရှီရှီခူးရွာရှိ လူနေအိမ် တစ်လုံးနှင့် သုံးချောင်းဆုံ ရွာရှိ လူနေအိမ်ခြောက်လုံး၊ စုစုပေါင်း လူနေအိမ် ၉၈ လုံး မျောပါပျက်စီး သွားခဲ့သည်။ 

ရေကြီးရေလျှံ မှုကြောင့် လူနှင့် တိရစ္ဆာန်များ သေကျေထိခိုက် ခဲ့မှု မရှိသော်လည်း ဒေသခံပြည်သူများ အနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်လျက် ရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ လန်ဆယ်ဒေသရှိ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တပ်မတော်သား များက သွားရောက်ခဲ့ပြီး ဖီမော်ဒေသမှ ကန့်ဖဒေသ အထိ တောင်ကျချောင်းရေ တိုက်စားမှု ကြောင့် တောင်ပြို၍ မြေပြိုကျမှုများ နှင့်တံတားများ ပျက်စီးမှုများကို ရှင်းလင်းခြင်း၊ ယာယီတံတားများ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ရေဘေးသင့် ပြည်သူများအား ဆန်နှင့် ထောက်ပံ့ ပစ္စည်းများ ပို့ဆောင်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့် အတွက် ယနေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညီညီဆွေ နှင့် အဖွဲ့ဝင်များက တပ်မတော် ရဟတ်ယာဉ် များဖြင့် ထောက်ပံ့ရေး ပစ္စည်းများနှင့် အတူ လန်ဆယ်ဒေသသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများ အတွက် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ဆန်အိတ် ၄ဝ၊ ဆီပိဿာ ၄ဝ၊ ကုလားပဲအိတ် ၄ဝ နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှလှူဒါန်းသည့် ဆန်အိတ် ၆ဝ၊ မိုးကာစထုပ် ၉ဝ၊ (Hygiene Kit) ဖာ ၂ဝဝ၊ (Dignity Kit) ထုပ် ၂ဝဝ၊ ဆားထုပ် ၄ဝဝ၊ ၁၈ဝ ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်းကိုးမျိုး၊ ဆောက်လုပ်ရေး ပစ္စည်းထုပ် ၃ဝ၊ အဝတ်အထည် ၁၈ဝ ဖာ၊ ခြင်ထောင် ၁၂ အိတ်တို့အား လှူဒါန်းပေး ခဲ့ကြောင်းနှင့် ဆက်လက်၍ တပ်မတော်သား များက ကယ်ဆယ်ရေး လုပ်ငန်းများနှင့် လတ်တလော စားသောက် နေထိုင်နိုင်ရေး အတွက် စီမံ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment