Pages

Monday, April 25, 2016

မြန်မာနိုင်ငံ၏ Central dry Zone ဖြစ်သော မန္တလေးဒေသသည် မြန်မာ့ရာသီဥတု အတွက် အရေးကြီးသော ဒေသကြီးဖြစ်



မန္တလေး ၊ ၂၅-၄-၂၀၁၆

မြန်မာနိုင်ငံ၏ ရာသီဥတု စက်ဝန်းအတွက် Central dry Zone ဖြစ်သော မန္တလေးဒေသ သည် မြန်မာ့ ရာသီဥတုဆိုင်ရာ ဂေဟစနစ်များ အတွက် အရေး ကြီးသော ဒေသတစ်ခုဖြစ် သည်ဟု ဟိမဝန္တာ ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တစ်ဦးက ပြောပြသည်။

လက်ရှိတွင် ဖြစ်ပေါ်နေ သော ရာသီဥတု ဆိုင်ရာ ပြောင်းလဲမှု များတွင် အပူချိန်များ မြင့်တက် လာခြင်းကြောင့် ရေချို အရင်းအမြစ် ရှားပါးခြင်း ပြဿနာ တစ်ရပ် ဖြစ်လာပြီး စိုက်ပျိုး ထုတ်လုပ်မှု ပမာဏ ကျဆင်းလာခြင်း၊ တောပြုန်းလာခြင်း တို့သည် ရာသီ အပြောင်းအလဲ ကို ပို၍ဖြစ်ပေါ် လာရသည်ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

မန္တလေးဒေသ သည် အလယ်ဗဟို ဒေသတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားနှင့် စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ အချက်အချာ ကျပြီး ရာသီဥတု ပြောင်းလဲမှုနှင့်ပ တ်သက်၍ လည်း အထူး ဂရုစိုက်ရန် လိုအပ်သော နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ရာသီဥတုကို အဓိက ထိန်းညှိပေးသော ပထမနေရာမှာ ဟိမဝန္တာ ဒေသနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ဖြစ်ပြီး ၄င်း မြောက်ဖျား ဒေသသည် မြန်မာ့ ရာသီဥတု အပြင် ကမ္ဘာ့ရာသီဥတု ကိုပါ ထိန်းညှိပေး နိုင်သော တန်ဖိုးကြီးမား သည့် သဘာဝ နယ်မြေ တစ်ခုဖြစ်သည်။ 

အလယ်ပိုင်း ဒေသ၏ ဂေဟစနစ် ပျက်စီးလျှင် ဆက်စပ်နေသော နယ်မြေများ အားလုံး ပြောင်းလဲမှုကို ပိုမိုခံစား ရနိုင်ပြီး ၄င်း အလယ်ပိုင်း ဒေသကို ကာကွယ်ပေး ထားသည့် သဘာဝ နယ်မြေများကို အထူး ထိန်းသိမ်း စောင့်ရှောက်ရန် လိုကြောင်း သိရသည်။ မန္တလေးမြို့ကို ကာကွယ် ပေးထားသည်မှာ မြောက်ဘက်တွင် မတ္တရာ ဒေသ၊ တောင်ဘက်တွင် ကျောက်ဆည် ဒေသ၊ အနောက်တောင် ဘက်တွင် အင်းဝဒေသ တို့ဖြစ်ကြောင်း သိရသည်။ 

၎င်း ဒေသကြီး သုံးခုသည် မန္တလေး မြို့ပတ်ဝန်းကျင် တွင် ရေဝေရေလဲနှင့် ရေအရင်းအမြစ် ကောင်းမွန်သော ဒေသများဖြစ်ပြီး ရေအရင်းအမြစ် ကို အခြေခံ၍ စိုက်ပျိုးရေးများ ပြုလုပ်နိုင်ခြင်း၊ သစ်ပင်ကြီးငယ်များ ကောင်းစွာ ပေါက်ရောက် နိုင်ခြင်း၊ ရေဓာတ်ကြောင့် ရာသီဥတုကို ထိန်းညှိပေး နိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေ နိုင်ကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment