Pages

Monday, April 25, 2016

ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုသည် နောင်နှစ် ၃ဝဝဝ ကျော်ခန့်ထိ ခြိမ်းခြောက်မှုအဖြစ် ရှိနေမည်


30 Years Ago, Chernobyl Witnessed The World’s Worst Nuclear Disaster.

ကိယက်ဖ် ၊ ၂၅-၄-၂၀၁၆

ယူကရိန်းနိုင်ငံ ချာနိုဘိုင်းရွာ တွင်ရှိသော ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲ ပျက်စီးခဲ့ သော်လည်း နောက်နှစ် ပေါင်း ၃ဝဝဝ ကျော်ခန့်ထိ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ယမန်နေ့ တွင် သတင်းဌာန များက ထုတ်ပြန် ကြေညာ ခဲ့သည်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်းတွင် ဆိုဗီယက် ပြည်ထောင်စုက ဦးဆောင် ဖွင့်လှစ်ထားသော ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖို သည် ၁၉၈၆ ခုနှစ် ဧပြီ ၂၆ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရေဒီယိုဓာတ် သတ္တိကြွ စက်သုံးဆီ များနှင့် အမှိုက်သရိုက် အပျက်အစီး များ ၁ဝ တန် ခန့်သည် လေထုထဲသို့ လွင့်စဉ်ခဲ့ ကြောင်း၊ သေဆုံးမှု နှုန်းထားများမှာ ရာနှင့်ချီ သေဆုံးခဲ့ရာမှ သန်းပေါင်း များစွာ သေဆုံးမှုအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေကြောင်း၊ ပရစ်ယက် မြို့သည် ထိုသို့ ဖြစ်ပွားချိန် တွင် ကမ္ဘာပေါ်၌ အဆိပ်အသင့်ဆုံး နေရာတစ်ခု ဖြစ်ခဲ့ပြီး တစ္ဆေနယ်မြေ ဟု သတ်မှတ်ခံခဲ့ ရသည်။

ယခင်က မိမိတို့သည် နျူကလီးယား စွမ်းအင်ကို ထိန်းချုပ်နိုင် လိမ့်မည်ဟု ယူဆခဲ့ကြောင်း၊ သဘာဝ တရားက ပေးအပ်ထား သာ တန်ဖိုးကြီး စွမ်းအင်ကို မိမိတို့ လိုသလို အသုံးပြုနိုင်မည်ဟု ထင်မြင်ခဲ့ကြောင်း၊ သို့သော် ယင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်မှ စတင် ၍ မိမိတို့၏ သဘောထားများ မှားယွင်း နေကြောင်းကို သဘောပေါက် သိမြင်ခဲ့ကြောင်း ယင်း  နျူကလီးယား ဓာတ်ပေါင်းဖိုကို ဆောက်လုပ် ခဲ့သည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြား ခဲ့သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် လူဦးရေ ၄ဝဝဝ ခန့် သေဆုံးခဲ့ ကြောင်း WHO နှင့် အပြည်ပြည် ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ၏ မှတ်တမ်းများ အရ သိရသည်။ သို့သော် သေဆုံးသူ အရေ အတွက် ခန့်မှန်းခြေမှာ လက်တွေ့ ထက် များစွာ နည်းပါး နေကြောင်း၊ တစ်ကမ္ဘာလုံးတွင် ယင်းပေါက်ကွဲမှု ကြောင့် လူဦးရေ ၁ ဒသမ ၄၄ သန်း ခန့် သေဆုံးခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။ 

ပရစ်ယက်မြို့နှင့် ချာနိုဘိုင်း ဒေသ တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃ဝ အတွင်းက ဆိုဗီယက် ပြည်ထောင်စု ၏ လောင်းရိပ် အောက်တွင် ရောက်ရှိနေသော ယူကရိန်းနိုင်ငံ၏ နျူကလီးယား ဓာတ်ပေါင်းဖို များ တည်ရှိရာ ဒေသဖြစ်ခဲ့ပြီး နျူကလီးယား ပေါက်ကွဲမှု များကြောင့် ကပ်ဆိုက် ခဲ့ရသော ဒေသများလည်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment