Pages

Wednesday, April 27, 2016

မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံတွင် နွေရာသီအားကစား အခြေခံ သင်တန်း ဖွင့်လှစ်သင်ကြား



မန္တလေး ၊ ၂၇-၄-၂၀၁၆

မန္တလေးမြို့ပေါ်ရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရေး အတွက် ရည်ရွယ်၍ အားကစားနှင့် ကာယပညာ သိပ္ပံတွင် နွေရာသီ အားကစား အခြေခံသင်တန်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ ကြောင်း မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး) ဒုတိယ ကျောင်းအုပ်ကြီး ဦးမြင့်ခိုင် ထံမှ သိရသည်။

အဆိုပါ အားကစား အခြေခံ သင်တန်းကို ဧပြီ ၂၅ ရက်မှ မေ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား  ပေးသွားမည် ဖြစ်ပြီး အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူဦးရေ ၁ဝဝ ကို အားကစား နည်း ၁၆ မျိုးဖြင့်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ သင်ကြားလျက် ရှိရာ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ ရေကူး၊ ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ဝူရှူး၊ လက်ဝှေ့၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ မြားပစ် ဟူ၍ အားကစားနည်း ၁၆ မျိုးကို သင်ကြား ပေးလျက် ရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ သင်တန်းကို ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်မှာ နွေရာသီ ကျောင်းပိတ်ချိန် ကျောင်းသား လူငယ်လူရွယ်များ စိတ်လေလွင့်မှု မရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကျန်းမာ ကြံ့ခိုင်မှု ပိုမိုရရှိစေရန် နှင့် အားလပ်နေသော အချိန်ကာလ များတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြား ပေးခြင်း ဖြစ်ကြောင်း သိရသည်။(၁၈၅)

ရတနာပုံနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment