Pages

Wednesday, April 27, 2016

နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်သင်ကြား



ရန်ကုန် ၊ ၂၇-၄-၂၀၁၆

အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ၏ နွေရာသီ အားကစား သင်တန်းများကို ဧပြီ ၂၅ ရက်မှ စတင်ကာ ဖွင့်လှစ် သင်ကြားလျက် ရှိသည်။

ကျောင်းနေအရွယ် ကလေး သူငယ်များ နွေရာသီ ကျောင်းပိတ်ရက် ကို အကျိုးရှိစွာ အသုံးပြု နိုင်ရန်နှင့် တစ်မျိုးသား လုံး၏ ကျန်းမာ ကြံ့ခိုင်မှု တို့ကို အထောက်အကူ ပြုစေရန် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) က နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်သည်။

နွေရာသီ အားကစား သင်တန်းများ အဖြစ် ဘောလုံး၊ ဘတ်စကက်ဘော၊ ရေကူး၊ ကြက်တောင်၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ တင်းနစ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်၊ လက်ဝှေ့၊ ဖူဆယ်၊ သေနတ်ပစ်၊ ဘော်လီဘော နှင့် ကျွမ်းဘား စုစုပေါင်း အားကစားနည်း ၁၆ မျိုး သင်ကြားပေး နေခြင်းဖြစ်ပြီး အခမဲ့ သင်ကြားပေး နေခြင်း ဖြစ်သည်။ ယင်း သင်တန်းကို မေ ၂ဝ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

ယခုဖွင့်လှစ် နေသည့် နွေရာသီ အားကစား သင်တန်းများတွင် တက်ရောက် နေသူ သင်တန်းသား၊ သင်တန်းသူ ဦးရေ ၅၁၂ ဦးရှိပြီး ဘောလုံး အားကစား နည်း၌ အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၂ဝ ဦးဖြင့် အများဆုံး တက်ရောက်လျက် ရှိသည်။

ရေကူး အားကစား နည်း၌ ၈၁ ဦး၊ ကရာတေးဒို အားကစား နည်း၌ ၅၈ ဦး၊ ဘတ်စကက်ဘော အားကစား နည်း၌ ၄၅ ဦး၊ တိုက်ကွမ်ဒို အားကစား နည်း၌ ၃၇ ဦး၊ တင်းနစ် အားကစား နည်း၌ ၃၁ ဦး၊ ဝူရှူးနှင့် ကြက်တောင် အားကစား နည်း၌ ၂၅ ဦးစီ၊ စားပွဲတင် တင်းနစ် အားကစား နည်း၌ ၁၈ ဦး၊ သေနတ်ပစ် အားကစား နည်း၌ ၁၅ ဦး၊ လက်ဝှေ့နှင့် ဖူဆယ် အားကစား နည်း၌ ၁၄ ဦးစီ၊ ကျွမ်းဘား၊ ဂျူဒိုနှင့် ဘော်လီဘော အားကစား နည်းတို့၌ ရှစ်ဦးစီ၊ ပိုက်ကျော်ခြင်း အားကစားနည်း ၌ ငါးဦးတို့ တက်ရောက်လျက် ရှိသည်။ (၂၂ဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment