Pages

Thursday, April 21, 2016

ရွှေစည်းခုံစေတီရင်ပြင်တော် ရှိ ဘုရင့်နောင်ခေါင်းလောင်းစာ ကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန် ယူနက်စကိုသို့ မေလကုန်တွင် တင်သွင်းမည်



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရွှေစည်းခုံ စေတီရင်ပြင်တော် ရှိ ဘုရင့်နောင် မင်းတရားကြီး၏ ကုသိုလ်တော် ခေါင်းလောင်း ကြီးမှ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရန် ယူနက်စကိုသို့ မေလကုန်တွင် တင်သွင်း သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး ဌာနမှ သိရသည်။

ဘုရင့်နောင် ခေါင်းလောင်းစာကို လာမည့်နှစ်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်း သတ်မှတ်နိုင်ရန် မေလကုန်တွင် စာရင်းသွင်း ရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း တင်သွင်းသည့် အဆိုပြုလွှာ များကို မြန်မာနိုင်ငံ သမိုင်းအဖွဲ့ဝင်များ၊ ဌာနတွင်း ပညာရှင်များ၊ ပြင်ပ ပညာရှင်များနှင့် ပူးပေါင်းကာ ပြင်ဆင် ဖြည့်စွက်ပြီး ဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် ခေါင်းလောင်းစာ သည် မြန်မာ သက္ကရာဇ် ၉၁၇ (အေဒီ ၁၅၅၇) တွင် သွန်းလုပ် လှူဒါန်းခဲ့ကာ မွန်၊ ဗမာ၊ ပါဠိ သုံးဘာသာဖြင့် ရေးထိုးထားခြင်း ဖြစ်ပြီး ယင်းစာများတွင် ဘုရင့်နောင်၏ သာသနာပြုပုံ မှတ်တမ်း ရက်စွဲများကို တိကျစွာ ဖော်ပြထားသည်။

''ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World) စာရင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီး ယူနက်စကို ဆီ တင်ရပါတယ်။ ဒီနှစ်က တင်သွင်းရတဲ့ အချိန် နောက်ကျတယ်။ ဒါကြောင့် မေလမှာတင်သွင်း မှာပါ'' ဟု သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး ဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment