Pages

Monday, April 25, 2016

အာဆီယံနိုင်ငံများရှိ လမ်းအဆင့်အတန်း များနှင့် တူညီစေရန် လမ်းနယ်နိမိတ် အကျယ်များကို တိုးချဲ့သတ်မှတ်



ရန်ကုန် ၊ ၂၅-၄-၂၀၁၆

အာဆီယံနိုင်ငံ များရှိ လမ်း အဆင့်အတန်း များနှင့် တူညီစေရန် နိုင်ငံချင်းဆက် လမ်းမများ၊ အမြန် လမ်းမကြီးများ၊ ပြည်ထောင်စု လမ်းမကြီး၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဆက်သွယ်သည့် လမ်းများ၊ ခရိုင်၊ မြို့နယ် ချင်းဆက် လမ်းများနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာချင်းဆက် လမ်းများ၏ လမ်းနယ် နိမိတ် အကျယ်များကို တိုးချဲ့ သတ်မှတ် လိုက်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လမ်းနယ်နိမိတ် တိုးချဲ့ရာတွင် အမြန်လမ်းမကြီး လေးလမ်းသွားနှင့် အထက်ကို အကျယ်ပေ ၄ဝဝ၊ နိုင်ငံတကာ ဆက်သွယ်ရေး လမ်းများ လေးလမ်းသွား နှင့် အထက်ကို အကျယ်ပေ ၃ဝဝ နှင့် ပြည်ထောင်စု လမ်းမကြီးကို ပေ ၁၅ဝ စသည်ဖြင့် လမ်းနယ်နိမိတ် များ တိုးချဲ့မည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထိုသို့တိုးချဲ့ သတ်မှတ်ရာတွင် အမြန် လမ်းမကြီး ဥပဒေမှ အချက်အလက် များကို ကိုးကားကာ ညွှန်ကြားချက် ပြန်လည် ထုတ်ပြန်ခြင်း ဖြစ်ပြီး လမ်းနယ်နိမိတ် တိုးချဲ့ခြင်းကြောင့် လမ်းဧရိယာ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံ များ တည်ဆောက်ခြင်း နှင့် ကျူးကျော် နေထိုင်ခြင်းများ ရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် World Road Association အဖွဲ့ဝင်နိုင်ငံ ဖြစ်၍ အာဆီယံနိုင်ငံ များ၌ ကျင့်သုံးနေသည့် လမ်းများနှင့် အညီ ဖြစ်စေရန် ယခုကဲ့သို့ ပြင်ဆင် လိုက်ခြင်းဖြစ်ပြီး ယခုတိုးချဲ့ သတ်မှတ် လိုက်သည့် လမ်းနယ်နိမိတ် ကြောင့် မလွတ်ကင်း နိုင်သည့် နေအိမ်များ ရှိသဖြင့် ၂ဝ၁၄ ခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် တည်ဆောက် ခဲ့သည့် နေအိမ်များကို လမ်းမကြီး ဥပဒေအရ သက်ဆိုင်ရာက အရေးယူမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment