Pages

Monday, April 25, 2016

ဆက်သွယ်ရန် ပျက်ကွက်သော ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၀၀၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ကာ ကုမ္ပဏီအဖြစ်မှ ဖျက်သိမ်း



ရန်ကုန် ၊ ၂၅-၄-၂၀၁၆

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သည် ဆက်သွယ်ရန် ပျက်ကွက်သော ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁ဝဝဝ ကျော်ကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ကာ ကုမ္ပဏီ အဖြစ်မှ ဖျက်သိမ်း ခဲ့ကြောင်း သတင်း ထုတ်ပြန် ထားသည်။

ဧပြီ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် တွင် လာရောက် ဆက်သွယ်ရန် ပျက်ကွက် ခဲ့သည့် ပြည်တွင်းကုမ္ပဏီ ၁ဝ၉၅ ခုနှင့် ပြည်ပကုမ္ပဏီ ၂၆ဝ ကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ကာ ဖျက်သိမ်း လိုက်ကြောင်းနှင့် လာရောက် ဆက်သွယ်ရန် နောက်ဆုံး သတ်မှတ်ထားသော ရက်အထိ လာရောက် ဆက်သွယ်ခြင်း မရှိ သောကြောင့် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မှတ်ပုံတင် ထားသော ကုမ္ပဏီများ၏ ပုံမှန်စီးပွားရေး လုပ်ဆောင်မှု အခြေအနေ များကို မှတ်တမ်းတင် နိုင်ရန်အတွက် လာရောက် ဆက်သွယ်ရန် အသိပေး ခဲ့ခြင်းဖြစ်ပြီး လာရောက် ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီများသည် စီးပွားရေး လုပ်ငန်းများကို ပုံမှန် လုပ်ဆောင်ခြင်း မရှိဟု သတ်မှတ်နိုင်ဖွယ် ဖြစ်နေခြင်း ကြောင့် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခံခဲ့ ရသော ကုမ္ပဏီများ ထဲတွင် အများစုမှာ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ နှင့် ကျောက်မျက် ရတနာ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီများ ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပြည်တွင်း ကုမ္ပဏီ အရေအတွက် ၄၃ဝဝဝ ကျော်ရှိပြီး ပြည်ပကုမ္ပဏီ အရေအတွက် ၄ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment