Pages

Friday, April 29, 2016

ဟိုတယ်ဆိုင်ရာ သင်တန်းများ အခမဲ့တက်ရောက်နိုင်ရန် ကူညီပေးမည်


ရန်ကုန် ၊ ၂၉-၄-၂၀၁၆

ဆွစ်ဇာလန် နိုင်ငံ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဖောင်ဒေးရှင်း က ဟိုတယ် လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင် လိုသည့် လူငယ်များ အတွက် ဟိုတယ်ဆိုင်ရာ သင်တန်းများကို အခမဲ့ တက်ရောက် နိုင်ရန် ကူညီပေးမည်ဖြစ်ပြီး စရိတ်အဖြစ် သင်တန်းကာလ အတွင်း တစ်နေ့လျှင် ငွေကျပ် ၃ဝဝဝ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

''အသက်ငယ်တဲ့ သူတွေနဲ့ ဟိုတယ် လုပ်ငန်းကို စိတ်ဝင်စားတဲ့ သူတိုင်း တက်သင့်တယ်။ အပြင်မှာ သင်တန်းတစ်ခု တက်ရင် အနည်းဆုံး ငွေကျပ် တစ်သိန်းကျော် ကုန်တယ်။ လျှောက်လွှာကို အစိုးရ ခွင့်ပြုထားတဲ့ သင်တန်းကျောင်း မှာ ထုတ်ယူ နိုင်တယ်လို့ သိရတယ်။ အသေးစိတ် ကိုတော့ ထပ်မံ စုံစမ်းနိုင် ပါတယ်'' ဟု ဝင်းဟိုတယ် လုပ်ငန်း သင်တန်းကျောင်း မှ ဦးငွေစိုး က ပြောသည်။

ဟိုတယ်နှင့် ဧည့်လမ်းညွှန် ဆိုင်ရာ လက်တွေ့ လုပ်ငန်းများကို လက်လှမ်း မမီသူ အမျိုးသား၊ အမျိုးသမီးများ အတွက် ဟိုတယ် သင်တန်းများအား ရန်ကုန်နှင့် နေပြည်တော် တို့၌ ပို့ချပေးမည် ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်များမှ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ဆောင်ရွက် ပေးမည်ဖြစ်ကာ သင်တန်းကို နှစ်လ တစ်ကြိမ် ဖွင့်လှစ်မည် ဖြစ်သည်။ ဧပြီလမှ အောက်တိုဘာ လအထိ သုံးကြိမ် ပို့ချမည် ဖြစ်ပြီး သင်တန်းကြေး အခမဲ့နှင့် သင်တန်းကာလ အတွင်း စရိတ်အဖြစ် သင်တန်းသား တစ်ဦးလျှင် တစ်နေ့ ငွေကျပ် ၃ဝဝဝ ကို အဆိုပါ ဖောင်ဒေးရှင်းမှ ကျခံမည် ဖြစ်ကာ အသက် ၃၅ နှစ်အတွင်း ပညာ အရည်အချင်း နဝမတန်း အောင်နှင့် အထက် ရှိရမည် ဖြစ်သည်။

ထို့ပြင် Luxembourg Agency for Development Cooperation (Lux Dev) မှ ပံ့ပိုးဆောင်ရွက် နေသည့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်း နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေခြင်း ငါးနှစ် စီမံကိန်းမှာ အဓိကအားဖြင့် အစိုးရကဏ္ဍ (Government) ၊ ပညာရေးကဏ္ဍ (Education) နှင့် ပုဂ္ဂလိကကဏ္ဍ (Public Sector) များရှိ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ပါဝင် ပတ်သက်နေသူ များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို ယူရိုငွေ ငါးသန်း အကုန်အကျခံ အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment