Pages

Friday, April 1, 2016

သက်ြန်ကာလအတွင်း ဟိုတယ်များ အခန်းငှားခလျှော့ချပေးမည်



ရန်ကုန် ၊ ၁-၄-၂၀၁၆

ပြင်သစ်နိုင်ငံ အခြေစိုက် အွန်လိုင်း ဟိုတယ် အခန်းငှားနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Jovago ဖြင့် ချိတ်ဆက် ထားသော ဟိုတယ် အများစုသည် သင်္ကြန်ကာလ အတွင်း တည်းခိုနေထိုင် သူများအတွက် တည်းခိုခ နှုန်းထားများ လျှော့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်း အများစုမှာ သင်္ကြန် ရုံးပိတ်ရက် အတွင်း လုပ်ငန်းများ ရပ်နား ထားချိန်တွင် ခရီးသွားများ အဆင်ပြေ စေရန်နှင့် တည်းခိုနေထိုင် သူများ တစ်စုံတစ်ရာ သက်သာမှု ရရှိစေရန် Jovago ၏ ကြိုးပမ်းမှုလည်း ဖြစ်သည်။

''ခရီးသွား ပြည်သူတွေ သင်္ကြန်ကာလ အတွင်း လည်ပတ်ရာမှာ အဆင်ပြေစေဖို့ Jovago Online Travel Agency က ဟိုတယ်တွေနဲ့ ပူးပေါင်းစီစဉ် ထားတဲ့ Promotion တွေရှိပါတယ်။ အဓိကက မဏ္ဍပ်ကြီးတွေ၊ဖျော်ဖြေရေး အစီအစဉ် စတိတ်ရှိုးတွေ၊ ပျော်ပွဲရွှင်ပွဲ တွေရှိတဲ့ ပန်းခြံတွေ၊ နောက်ပြီး ဘုရားတွေနဲ့ နီးတဲ့နေရာတွေမှာ ရှိတဲ့ ဟိုတယ် အများစုက ဈေးလျှော့ပေး သွားမှာပါ။ Jovago ဝက်ဘ်ဆိုက် ဖြစ်တဲ့ www.jovago.com ကနေ ဟိုတယ်ကို စိတ်ကြိုက် ရွေးချယ် နိုင်တဲ့အပြင် ဖုန်းတစ်ချက် ဆက်ရုံနဲ့ အချိန်ကုန် သက်သာစေပြီး လွယ်ကူစွာနဲ့ လူကြီးမင်းတို့ ကိုယ်စား အကောင်းဆုံး ဟိုတယ်ကို ရွေးချယ် ပေးနိုင်တဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်'' ဟု Revenue Manager မစန္ဒီမေဒေး က ပြောသည်။

သင်္ကြန်ကာလတွင် ပုံမှန်ထက် ဟိုတယ် ဈေးနှုန်းများ သက်သာစေသည့် အပြင် ခရီးသွားပြည်သူ များအတွက် အချိန်ကုန် သက်သာ လွယ်ကူစွာ အကောင်းဆုံး ဟိုတယ်များကို ရွေးချယ်ပေး နိုင်သော Jovago ဝက်ဘ်ဆိုက်ကို အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ပြီး Jovago နှင့်ချိတ်ဆက် ထားသော ဟိုတယ်များသည် အထူးလျှော့ဈေး Package Promotion ပုံစံများဖြင့် သင်္ကြန် ကာလအတွင်း အထူးအစီအစဉ် များကို ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ် ၊ မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment